Thursday, January 3, 2013

လိုင်ဇာမြို့ကို သိမ်းဖို့ အစီအစဉ်မရှိ ဟု မြန်မာအစိုးရ အရာရှိပြောကြား

Ever November | 1/03/2013 01:08:00 PM | Best Blogger Tips
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာမြို့။ (Photo: Kachin News Group)

ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ ကို မြန်မာအစိုးရက သိမ်းပိုက်ဖို့ အစီအစဉ်မရှိကြောင်းနဲ့ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးဖို့အတွက် ကေအိုင်အိုထံက အကြောင်းပြန်ကြားချက်ကို အစိုးရအနေ နဲ့ စောင့်ဆိုင်းနေကြောင်း သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက RFA ကို ဒီနေ့ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်က K-8 အမောင်းသင်လေယာဉ်တွေ အသုံးပြုခဲ့ကြောင်း၊  ဂျက်တိုက်လေယာဉ် မဟုတ်ကြောင်း၊ အဲဒီ လဂျားယန် နယ်မြေမှာ ကြည်းကြောင်းကသွားမရပဲ လမ်းပိတ်နေတဲ့ တပ်မတော်တပ်ဖွဲ့တွေကို ရိက္ခာသွားရောက်ပို့ပေးနိုင်ဖို့ စီစဉ်တာဖြစ်ကြောင်းလဲ သူကပြောပါတယ်။
KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ဗိုလ်မှူးကြီး ယော်ထုန်ကတော့ လေယာဉ်တွေ လာရောက်ပစ်ခတ်ပြီး ဗုံးကြဲတာရှိကြောင်း၊ အစိုးရဘက်က မြေပြင်မှာ အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေကြောင်း ပြောပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1