Thursday, January 3, 2013

နှစ်သစ်ကူးမီးကျည်ပစ်လွှတ်ပွဲတွင် တစ်ဦးကိုတစ်ဦး နင်းမိ၍ ၆၁ ဦးသေဆုံး

Ever November | 1/03/2013 01:36:00 PM | Best Blogger Tips

အိုင်ဗရီကို့စ်နိုင်ငံ မြို့တော်အဘစ်ဂျန်၌ နှစ်သစ်ကူးပွဲတော်တွင် လူတစ်ဦးကိုတစ်ဦး တက်နင်းမိပြီး သေဆုံးသူ အနည်းဆုံး ၆၁ ဦးရှိခဲ့ကြောင်း ဇန်နဝါရီ ၂ ရက်က ဘီဘီစီ သတင်းတွင် ဖြော်ပထားသည်။ အဆိုပါမြို့ရှိ ပလေတိုးခရိုင်အတွင်း  အားကစားကွင်းတစ်ခု၌ မီးကျည်မီးပန်းများ ပစ်ဖောက်စဉ် ရာပေါင်းများစွာသော ပြည်သူများ ထွက်ပြေးကြရာ တစ်ဦးကိုတစ်ဦး တက်နင်းမိခဲ့ကြသည်။ ယင်းသည် ဇန်န၀ါရီ ၁ ရက် စောစောပိုင်း နှစ်သစ်ကူး ချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးပန်းများ ပစ်ဖောက်စဉ်အတွင်း ဓားကိုင်ထားသော လူငယ်အုပ်စု တစ်စုက ပြည်သူများထံမှ မိုဘိုင်းဘ်ဖုန်းများကိုလည်း လုယူခဲ့ကြသည်။ ယင်းမီးပန်း ဖောက်ပွဲတွင် အမေရိကန် နာမည်ကြီးအဆိုတော် ခရစ်ဘရောင်း လာရောက်ဖျော်ဖြေမှုကြောင့် ပရိသတ်များ အလွန်များပြားခဲ့သည်ဟု ဆိုသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1