Thursday, January 3, 2013

သမတဗိုလ်သိန်းစိန်နှင့် စိုင်းနော်ခမ်းဇာတ်လမ်း

Ever November | 1/03/2013 02:07:00 PM | Best Blogger Tips
၁။ ထောက်လှမ်းရေးပြုတ်ဗိုလ်ချုပ်ခင်ညွှန့် သည် ၀လူမျိုးတသိန်းကျော်ကို ရှမ်း(မြောက်)မှ ရှမ်း(တောင်)သို့  ရွေ့ ပေးခဲ့ပြီး ၀သပတပ်ကိုပါ ထိုင်းနယ်စပ်သို့ အခြေချခွင့်ပြုခဲ့သည်။
၂။ ၀တပ်နှင့် ခွန်ဆာတပ်တို့ နယ်မြေလုတိုက်ပွဲ ၉၀နှစ်များတ၀ိုက်မှာဖြစ်ပေါ်ပြီးနောက်ပိုင်း ခွန်ဆာသည် န၀တထံလက်နတ်ချခဲ့သည်။
၃။ ခွန်ဆာတပ်ဖွဲ့ ဝင်တယောက်ဖြစ်သည့် စိုင်းနော်ခမ်းလည်း လက်နတ်ချရာမှာပါခဲ့သည်။
၎။ န၀တမှ ၀သပ(ရှမ်းတောင်ပိုင်း) ဌာနချုပ်ကို မိုင်းယောင်းမှာ အခြေပြုခွင့်ပေးသလို၊ခွန်ဆာလူများကိုလည်း ဟိုမိန်းမှာ အခြေပြုခွင့်ပေးခဲ့သည်။
၅။ စိုင်းနော်ခမ်းသည် ဟိုမိန်း-တာချီလိတ်-ကျိုင်းတုံကိုအခြေခံခဲ့သည်။ တြိဂံဒေသတိုင်းမှာ ဗိုလ်သိန်းစိန် တိုင်းမှူးဖြစ်ချိန်မှာ စိုင်းနော်ခမ်းကို ပြည်သူ့  စစ်လည်းမဟုတ်၊ကာကွယ်ရေးတပ်လည်းမဟုတ်ပဲ အင်အားစုလက်နတ်ကိုင်ခွင့်ပေးထားသည်။
၆။ တာချီလိတ်နယ်ခြားကော်မီတီဥက္ကဌဒုဗိုလ်မှူးကြီးမျိုးချစ်၊နယ်မြေခံတပ် ခမရ(၃၃၁)တပ်ရင်းမှူးတို့ သည် စိုင်းနော်ခမ်းနှင့် ရင်းနှီးပြုငှာရှိသူများဖြစ်သည်။
၇။ တိုင်းမှူးဗိုလ်သိန်းစိန်အောက်တွင် တာချီလိတ်ဗျူဟာ၊ကျိုင်းတုံဗျူဟာ၊ချင်းရွှေဟော်ဗျူဟာနှင့်စကခဗျူဟာမှူးများရှိသည်။ အဆိုပါ ဗျူဟာမှူးများအားလုံးနှင့် စိုင်းနော်ခမ်းဆက်ဆံရေးလမ်းကြောင်းရှိခဲ့သည်။
၈။ ထို့ အပြင် တြိဂံတိုင်းမှူးဖြစ်ခဲ့သော လက်ရှိကာချုပ် ဗိုလ်မင်းအောင်လှိုင်၊ဗိုလ်ကျော်ဖြိုးတို့  နှင့် စိုင်းနော်ခမ်းအဆင်ပြေခဲ့သည်။
၉။ ထိုင်းထောက်လှမ်းရေးက သတင်းအသိအကျနှင့် တာချီလိတ်မည်သည့်နေရာ၊မည်သည့်အိမ်မှာ စိတ်ကြွဆေးနှင့်ဘိန်းရှိကြောင်းသတင်းပို့  ဖမ်းခိုင်းံရင် အဖမ်းပဲပြခဲ့သောလည်း၊လူကိုရှောင်ခိုင်း၊ကာကွယ်ပေးသောနည်းနှင့် မြန်မာဘက်မှ စစ်ဗိုလ်များလုပ်ခဲ့သည်။
၁၀။ တခါက စိုင်းနော်ခမ်းမှ ထုတ်ဖော်ပြောဖူးတာကတော့ ကျနော်ရတဲ့ငွေကို ၃ပုံ ပုံရင်၊ တပုံကို စစ်တပ်၊ တပုံ အက်စ်အက်စ်အေ၊ တပုံကျနော်အတွက်ယူသည်လို့ ပြောဆိုခဲ့သည်။
၁၁။ စစ်တပ်လို ဒေသခံများအပေါ် အနိုင်ကျင့်မနှိပ်စက်၊မသတ်ဖြတ်လို့  စိုင်းနော်ခမ်းကို ဒေသခံများက လိုလားနှစ်ခြိုက်သည်။ သူကိုယ်တိုင်လည်း ကျေးရွာများကို ငွေအကုန်ခံပြီး အကျိုးပြုခဲ့သဖြင့် ရှမ်း၊လားဟူတိုင်းရင်းသားများမှ လေးစားကြသည်။
၁၂။ ယခုအခါမှာ စိုင်းနော်ခမ်းကို ထိုင်းနိုင်ငံမှဆုငွေထုတ်ပြန်လိုက်ပြီးမကြာခင်မှာပဲ လောနိုင်ငံအတွင်းမှာ ဖမ်းဆီးမိသွားပြီဖြစ်သည်။ သူနှင့်ပက်သက်ခဲ့ဖူးသော တြိဂံတိုင်းမှူးဗိုလ်သိန်းစိန်ကတော့ ဆုတံဆိပ်တွေနှင့် သန့်  ရှင်းသောအစိုးရ သမတဖြစ်နေပါသည်။
အမှန်တရားကို ထာဝရဖုံးကွယ်ထားမရပါ။
စစ်အောင်
See more below link
http://www.burmese.panglong.org/news/92-2008-08-03-06-48-25/3111--rcssssa-.html
moethihaaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1