Thursday, January 3, 2013

လီဗာပူးလ်မှ ထွက်ခွာဖြစ်ပါက အသင်းဟောင်း ဝက်စ်ဟမ်းကို ကိုးလ်ရွေးချယ်ဖွယ်ရှိ

Ever November | 1/03/2013 01:11:00 PM | Best Blogger Tips

လီဗာပူးလ် အသင်းမှ ထွက်ခွာဖြစ်ပါက ဂျိုးကိုးလ် အနေဖြင့် ဝက်စ်ဟမ်း ယူနိုက်တက်ကို ရွေးချယ်ဖြစ်ဖွယ် ရှိနေကြောင်း သိရှိရသည်။
ဝက်စ်ဟမ်းတွင် ဆရာဟောင်း အဖြစ် လက်တွဲခဲ့ဖူးသော ဟယ်ရီရက်နပ်က လက်ရှိကိုင်တွယ်နေသော QPR အသင်းသို့ ကိုးလ်ကို ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း တစ်ဖက်တွင် ကလပ်အသင်းဟောင်း ဝက်စ်ဟမ်းကလည်း ချဉ်းကပ်လာခဲ့သည်။ ကိုးလ်အနေဖြင့်မူ အပ်တန်ပါ့ခ်သို့ ပြန်လည် သွားရောက် ကစားရန်သာ ရွေးချယ်ဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။ ကိုးလ်သည် မကြာမီ အချိန်ပိုင်း အတွင်း ဝက်စ်ဟမ်းတွင် ဆေးစစ်မှု ခံယူဖွယ် ရှိနေကြောင်းလည်း ခန့်မှန်းမှုများ ထွက်ပေါ်လျှက်ရှိသည်။
QPRအသင်းသည်လည်း ဝက်စ်ဟမ်းနှင့် အပြိုင် ကိုးလ်ကို ဆက်သွယ်နေဆဲ ဖြစ်သော်လည်း ကိုးလ်၏ အသင်းဟောင်းကသာ အသာစီး ရဖွယ် ရှိနေသည်။ FAဖလား ပွဲစဉ်အဖြစ် မန်ချက်စတာ ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရာတွင် ဝက်စ်ဟမ်းအသင်းက ကိုးလ်ကို လူစာရင်းအတွင်း ထည့်သွင်းနိုင်ရန် မျှော်လင့်နေသည်။ ကိုးလ်သည် ချယ်လ်ဆီးမှ ပြောင်းရွှေ့လာပြီးနောက် လီဗာပူးလ်တွင် အောင်မြင်မှု မရရှိခဲ့ဘဲ ပြီးခဲ့သည့် ရာသီကလည်း ပြင်သစ်ကလပ် လိုင်လီ၌ အငှားသွားရောက် ကစားခဲ့ရသည်။

လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာသည် အသင်း၏ အနာဂတ် စီမံကိန်း၌ ကိုးလ်ကို ထည့်သွင်းထားခြင်း မရှိတော့သည့်နောက် ပေါင်စတာလင် (၄)သန်းမျှဖြင့် ရောင်းထုတ်ရန် ရည်ရွယ်ထားသည်။ ကိုးလ်သည် ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့ဖြစ်ပါက ၎င်းလက်ရှိ ခံစားခွင့် ရနေသော တစ်ပတ်လုပ်ခ ပေါင်စတာလင် (၉၀၀၀၀)ကို လျှော့ပေါ့ပေးရမည်ဟုလည်း သတင်းများက ဖော်ပြခဲ့သည်။ လတ်တလောတွင် ဝက်စ်ဟမ်းအတွက် တစ်ချိန်က ကိုးလ်ဝတ်ဆင်ဖူးသည့် ကျောနံပါတ် (၂၆)မှာ ကိုယ်စားပြုသူ မရှိဘဲ လစ်လပ်နေဆဲဟုလည်း သိရှိရသည်။
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1