Friday, March 29, 2013

ဂျင်စင်း သုံးစွဲရာတွင် သတိထားရန် အချက်များ

Ever November | 3/29/2013 02:20:00 PM | Best Blogger Tips

သင့်မှာ နှလုံးရောဂါ အခြေအနေ၊ သွေးတိုး ဒါမှမဟုတ် စိုးရိမ်စိတ် ပုံမမှန် လွန်ကဲသည့် ရောဂါ (Anxiety Disor der) ရှိပါက ဂျင်စင်း မသောက်မီ သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။
ဂျင်စင်းက အိပ်မပျော် ရောဂါ၊ ကြောက်ရွံ့ ထိတ်လန့်ခြင်း၊ ဝမ်းလျှောခြင်းနနှင့်သွေး တိုးရောဂါ ဖြစ်နိုင်ပါတယ်။ သွေးဆုံးပြီး အမျိုးသမီးများမှာ သွေး ဆင်းခြင်း ဖြစ်ပေါ်စေကြောင်း အစီရင် ခံထား ချက် ရှိပါတယ်။

သင့်မှာနာတာရှည် မဟုတ်တဲ့ ဖျားနာခြင်း၊ အဖျားဒါမှမဟုတ် ရောင်ရမ်းခြင်းရှိရင် ကိုရီးယား၊ တရုတ် သို့မဟုတ် အမေရိကန် ဂျင်စင်းကို မသုံးသင့် ပါဘူး။

သင့်မှာ သွေးတိုးရောဂါ ဒါမှမဟုတ် အဖျားသိပ်ပြီး ကြီးနေရင် ဆိုက်ဘေးရီးယားဂျင်စင်းကို မသုံးသင့်ပါ။

ဂျင်စင်းကို နောက်ထပ် အားကြွ အစွမ်း သတ္တိရှိ ဆေးဖက်ဝင် အပင်နှင့်ရောစပ်ထားတဲ့ ထုတ်ကုန် ပစ္စည်းမျိုးကို မသုံးစွဲပါနှင့်။ ဥပမာအားဖြင့် ဂျင်စင်း နှင့် Ma Haung (Ephedr)။ ဂျင်စင်း ကိုသောက် နေရင် ကဖိန်းပါတဲ့ ယမကာများ သောက်သုံးခြင်းကို ကန့်သတ်သင့်တယ်။

ဦးလှမြင့်(ဂန္ဓာမာ)

Myawady news

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1