Friday, March 29, 2013

Michael Learns အဖွဲ့ ရန်ကုန်သို့ ရောက်ရှိ

Ever November | 3/29/2013 09:46:00 PM | Best Blogger Tips

ရန်ကုန်၊ မတ် ၂၉ Michael Learns to Rock (MLTR) ဂီတအဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဖျော်ဖြေမည့် ၄င်းတို့၏ ဖျော်ဖြေပွဲ အတွက် ရန်ကုန်မြို့သို့ မတ်လ ၂၉ ရက် နံနက် ၇ နာရီ ၅ မိနစ်က ကာတာလေကြောင်းလိုင်းဖြင့် ရောက်ရှိလာသည်။ MLTR အဖွဲ့တွင် အဖွဲ့၏ အဓိကဦးဆောင်သီဆိုသူ အဆိုတော် Jascha Richter နှင့်အတူ ၄င်း၏ ဇနီး၊ သားနှင့် သမီးတို့ပါ မိသားစုလိုက် မြန်မာနိုင်ငံ၏ ဖျော်ဖြေရေးခရီးစဉ်ကို လိုက်ပါလာသည်ကို တွေ့ရသည်။ မိုက်ကယ်လန်းအဖွဲ့သုံးဦးနှင့်အတူ စက်အဖွဲ့သားများအပါအ၀င် အဖွဲ့သား ၁၄ ဦး လိုက်ပါလာပြီး ယနေ့ နံနက် ၈ နာရီတွင် ၄င်းတို့ ခေတ္တတည်းခိုမည့် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။ မိုက်ကယ်လန်းအဖွဲ့၏ ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ ရင်ပြင်တွင် မတ်လ ၃၁ ရက် ညနေ၌ ကျင်းပမည်ဖြစ်ပြီး ယနေ့ ညနေ ၄ နာရီခွဲတွင် ဆီဒိုးနားဟိုတယ်၌ ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း Friendship Entertainment က ပြောသည်။ မိုက်ကယ်လန်းရော့ခ်ဂီတအဖွဲ့၏ တေးသီချင်းများစွာမှာ မြန်မာပရိသတ်များနှင့်ရင်းနှီးပြီးဖြစ်ပြီး ၄င်းတို့၏ နိုင်ငံတကာ ဂီတဖျော်ဖြေပွဲများမှာ အာရှနိုင်ငံ တော်တော်များများတွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖျော်ဖြေရန် ယခင်က ကြိုးစား စီစဉ်ခဲ့သော်လည်း နိုင်ငံရေး အခြေအနေများကြောင့် ပြုလုပ်နိုင်ခြင်းမရှိခဲ့ရာမှ ၂၀၁၃ ခုနှစ် မတ်လလ ၃၁ ရက်တွင် ပထမဆုံး မြန်မာနိုင်ငံဖျော်ဖြေပွဲကို ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
7 Day Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1