Friday, March 29, 2013

ဖုန်းတစ်ခုလုံး မြန်မာစာ စနစ်သုံး JAS6 ဖုန်းဟန်းဆက် ဈေးကွက် အတွင်း စတင်မိတ်ဆက်

Ever November | 3/29/2013 10:08:00 PM | Best Blogger Tips
ဖုန်းစနစ်တစ်ခုလုံး မြန်မာစာစနစ် သုံးစွဲထားသည့် JAS6 အမှတ်တံဆိပ် မိုဘိုင်းဖုန်းဟန်းဆက် ကို ဈေးကွက်အတွင်းတွင် စတင် ရောင်း ချပြီ ဖြစ်ကြောင်း JAS6 ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ အဆိုပါ JAS6 ဟန်းဆက်အား အိန္ဒိယနိုင်ငံ အခြေစိုက်ဖုန်းကုမ္ပဏီ တစ်ခုမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း ဖုန်းတစ်ခုလုံးတွင် အသုံးပြုသော Funtion များအားလုံးကို မြန်မာစာ စနစ်ဖြင်ဖြင့် အသုံးပြုနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

“ဒီဖုန်းမှာ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ ရှိပါတယ်။ တကယ်လို့ ဖုန်းအသုံးပြုသူက အရးပေါ် အခြေအနေတစ်ခုခုနှင့် ရင်ဆိုင်နေရတဲ့အချိန်မှာ ဖုန်းမှာပါတဲ့ အရေးပေါ်ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ရင် ၁၉၉ကို အလိုလျောက်ဖုန်းခေါ်ဆိုပြီး “အကူအညီပေးပါ” ဆိုတဲ့အသံဖိုင်က ပြောပေးမှာပါ။ ပြီးရင် ဖုန်းပိုင်ရှင်ရဲ့  ဖုန်းမှတ်တမ်းမှာ မှတ်ထားတဲ့ ဖုန်းနံပါတ်တွေထဲက လူ ၃ယောက်ဆီကို စာတို မတ်ဆေခ်ျ အလိုလျောက်ပေးပို့ပေး မှာပါ” ဟု JAS6 မှ တာဝန်ရှိသူ က ရှင်းပြသည်။


JAS6 ဖုန်းဟန်းဆက်တွင် ဖုန်းပျောက်သွားပါက ပြန်လည်ရှာဖွေနိုင်ရန် ဆော့ဝဲလ်ထည့်သွင်းထားကြောင်း GPS စနစ်ဖြင့် ရှာဖွေနိုင်မည်ဖြစ်ပြီး ဖုန်းတည်နေရာကို အနီးစပ်ဆုံးပြသပေးနိုင်ကြောင်း သိရသည်။


အင်တာနက် အသုံးပြုလိုသူများအတွက် ဝက်ဘ်ဆိုက်များ၊ လူမှုရေးကွန်ယက်များ ဖြစ်သည့် Facebook၊ Gmail ၊ Skype၊ Viber တို့တွင် လည်း မြန်မာလို အပြည့်အဝ ဖတ်ရှု အသုံးပြုနိုင်ရန်စီစဉ်ထားကြောင်
း ၊ မြန်မာစာလက်ကွက်အတွက်လည်း အက္ခရာတစ်လုံးကို ရိုက်နှိပ်လိုက်သည် နှင့် ၎င်းစာလုံးနှင့် သက်ဆိုင်သော စာလုံးပေါင်းများကို ဖော်ပြပေးကြောင်း သိရသည်။

JAS6 ဖုန်းဟန်းဆက်ကို GSM ၊ CDMA 800Mhz ၊ WCDMA ဖုန်းလိုင်းကတ်များထည့်သွင်းအသံ
ုးပြုနိုင်ပြီး ICS 4.0 Android ကိုထည့်သွင်း အသုံးပြုထားကာ မြန်မာခံစားမှုဆော့်ဝဲလ် 6.0 ပါဝင်ကြောင်း၊ ဖုန်းကင်မရာပါဝင်ပြီး ဖုန်းဟန်းဆက်အရောင်မှာ ရှေ့မျက်နှာပြင်မှာ အမည်း ရောင်ဖြစ်ပြီး နောက် ကိုယ် ထည်အရောင်မှာ အဖြူရောင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ JAS6ဖုန်းဟန်းဆက်တန်ဖိုးမှာ တစ်သိန်းလေးသောင်းကိုးထောင်ကျပ်
ဖြင့် ဖြန့်ဖြူးရောင်ချပေး လျက်ရှိပြီ မတ်လ ၂၉ ၊ ၃၀ တွင် တပ်မ တော်ခန်းမတွင် ကျင်းပနေသော ကုန်စည်ပြပွဲတွင် အထူးဈေးနှုန်း အဖြစ် တစ်သိန်းနှစ်သောင်းကိုးထောင်ကျပ်ဖြင့် ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။


မြန်မာ့ခေတ်

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1