Friday, March 29, 2013

နေပြည်တော် ဘောဂ သီရိ ယာဉ်ပြင် အလုပ် ရုံတွင် Star မော်တော် ဆိုင်ကယ်များ စက်ရုံ ပေါက် ဈေးဖြင့် ဝယ်ယူနိုင်

Ever November | 3/29/2013 10:02:00 PM | Best Blogger Tips

နေပြည်တော် ကောင်စီနယ်မြေ ဘောဂသီရိအဆင့်မြင့် ယာဉ်ပြင် အလုပ်ရုံတွင် မကွေးတိုင်း ဒေသကြီး ရေနံ ချောင်းမြို့မှ ထုတ်လုပ် သည့် Star မော်တော်ဆိုင်ကယ်များအား စက်ရုံ ပေါက်ဈေးဖြင့် တိုက် ရိုက်ဝယ်ယူ နိုင်ကြောင်းသိရသည်။
''ကျွန်တော်တို့ဆီကနေ ဆိုင်ကယ် တွေကို အမျိုးမျိုး ရောင်းချပေး ပါတယ်။ ဈေးနှုန်းလည်းစက်ရုံ ပေါက်ဈေးပါ။ ဆိုင်ကယ်အနေနှင့် (90cc)Star Ruby, (110 cc)Star Diamond, (125cc) Star Jade နှင့် ဆိုင်ကယ်အား နောက်တွဲကယ်ရီလုပ်ရန် အတွက် လည်း ပြုပြင် ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ပြည်တွင်းထုတ်ဆိုပေမယ့် အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ထားပါတယ်''ဟု ဘောဂသီရိအဆင့်မြင့် ယာဉ်ပြင်အလုပ်ရုံ ရွှေနဂါးစက်မှု လုပ်ငန်းမှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

နေပြည်တော် ဘောဂသီရိအဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံအတွင်းရှိ Star မော်တော်ဆိုင်ကယ် အရောင်း ပြ ခန်းမှ မော်တော်ဆိုင်ကယ်အတွက် လိုအပ်သည့်အလင်းအား ကောင်းသော မီးသီးနှင့် နေစားမှုဒဏ် ခံနိုင် စွမ်းရှိသော မီးခွက်၊ခေတ်မီ၍ ဒီဇိုင်းဆန်းသစ်သောမီတာခွက်အပြင် အင်ဂျင်အတွက် အေးလွယ်သော သတ္တုအမျိုးအစားကို အသုံးပြုထားသည့်အတွက် အပူချိန်များပိုမိုခံနိုင်ခြင်း၊ Speed ကျမ သွား ခြင်းနှင့် ဆိုင်ကယ်အမျိုးအစား အလိုက်ပါဝါ အပြည့်ထွက်ကြောင်း သိရသည်။

ထို့ အပြင် ဆိုင်ကယ်ဘီးအတွက် သေသပ်လှပခိုင်ခံ့၍ အကြမ်းခံသောအလူ မီနီယံအလွိုင်းခွေနှင့် လမ်းကြမ်းအတွက် အထူးသင့်လျော်သော တာယာကို အသုံးပြုထားကြောင်း သိရသည်။
မြ၀တီ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1