Friday, March 29, 2013

တန်ဖိုးနည်းဖုန်း ဆင်းမ်ကတ်များအား တစ်လလျှင် ကတ်ရေသုံးသိန်းခွဲနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်

Ever November | 3/29/2013 10:53:00 PM | Best Blogger Tips

ဧပြီ၁ရက်တွင် ရောင်းချမည့်တန်ဖိုးနည်းဖုန်းဆင်းမ်ကတ်များအားတစ်လလျှင်ကတ်ရေသုံးသိန်းခွဲနှုန်းဖြင့်
 ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပြီးယင်းဖုန်းကတ်များ ရောင်းချမည့်ကာလအတွင်း ရောင်းချသူများ ဈေးမ
ကစားစေရန် စီစဉ်ထားကြောင်း ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ ရောင်းချရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြား
သည်။

ဆင်းမ်ကတ်များ ရောင်းရာတွင်တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏အစီအမံဖြင့် ရောင်းချမည်ဖြစ်ကာ ပြင်ပ
အရောင်းဆိုင်များ ဈေးမစားနိုင်ရန်အတွက် ထိန်းချုပ်သွားမည်ဖြစ်ပြီး ဖုန်းကတ်ရေ သုံးသိန်းခွဲအား လစဉ်ဈေးနှုန်းမပြောင်းလဲဘဲ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ဧပြီ ၁ ရက်၌ ဆင်းမ်ကတ်များ ရောင်းချပေးမည်ဟု ကြေညာထားပြီး ဖြစ်သော်လည်း ယခုအစည်းအဝေးတွင် ရောင်းချမည့်နေ့ရက်နှင့် ဈေးနှုန်းတို့ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ထပ်မံရောင်းချမည့် မိုဘိုင်းဖုန်းကတ်များကြောင့် ဖုန်းလိုင်းကျပ်တည်းမှု မရှိစေရေးအတွက် ကြိုတင်စီမံထားရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ကြောင်း ယင်းအစည်းအဝေး ထုတ်ပြန်ချက်အရ သိရသည်။
7 Day News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1