Friday, March 29, 2013

“ တာလီဘန်တွေရဲ့ကြေငြာချက်အပေါ် ဘယ်လိုပြင်ဆင်ကြမလဲ ရွှေမြန်မာ ”

Ever November | 3/29/2013 10:22:00 PM | Best Blogger Tips

ဒီခေါင်းစဉ်ဟာ Breaking news ဆိုတာထက်ပိုအရေးကြီးဆိုတာ ပထမဆုံးအနေနဲ့ ပြောပါရစေ ။ အခုရေးမယ့်ဆောင်းပါးဟာ တကယ့်ကို အရေးကြီးတဲ့အချက်တွေနဲ့စဉ်းစားစရာတွေ ၊ ပြင်ဆင်စရာတွေ ပါဝင်လာပြီဖြစ်တဲ့အတွက် စာဖတ်သူများရော တာဝန်ရှိသူများရော အစိုးရပိုင်းကပါ ဒီ တာလီဘန်တွေရဲ့ကြေငြာချက်အပေါ် မပေါ့မလျော့ပဲ အများကြီး သတိထား ပြင်ဆင်ထားကြရမယ်ဆိုတာ ပထမဦးဆုံးပြောလိုပါတယ် ။

တာလီဘန်အဖွဲ့ခေါင်းဆောင်ပိုင်းများ
====================

TTP ဆိုတဲ့စကားလုံးသုံးလုံးရဲ့အရှည်ကောက်ကတော့ Tehreek-e-Taliban Pakistan ကို ရည်ညွှန်းပါတယ် ။ ပါကစ္စတန်ရှိ တာလီဘန်အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အမေရိကလို နိုင်ငံကြီးမျိုးကိုတောင် ဒီ TTP အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ အသေခံ ဗုံးခွဲမှုတွေ ပြုလုပ်ခဲ့တဲ့လက်ရဲဇတ်ရဲ အစွန်းရောက်အဖြစ်ဖြစ်တယ် ။

ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှုများ ပါဝင် သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်

TTP ဆိုတဲ့အဖွဲ့ဟာ ဘာလဲ
===========

ဒီဆောင်းပါးရေးဖြစ်ရခြင်းရဲ့အဓိကအကြောင်းအရင်းက TTP ကြေငြာချက်နဲ့ တိုက်ရိုက်ပတ်သတ်တယ် ။ သူတို့ကြေငြာချက်ကို မဖော်ပြခင်မှာ အဲဒီအဖွဲ့အစည်းအကြောင်းအနည်းငယ်တင်ပြချင်ပါတယ် ။ TTP ဆိုတာ များစွာသော အစ္စလာမ် စစ်သွေးကြွအကြမ်းဖက်သူတွေ စုစည်းထားတဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး ပါကစ္စတန် ထဲက အာဖဂန်နယ်စပ်တလျှောက် အနောက်မြောက်ဖက် လူမျိုးစု ဧရိယာတွေမှာ အခြေချ ထားတာဖြစ်တယ် ။

၂၀၀၇ ခုနှစ် ဒီဇင်ဘာ မှာ Baitullah Mehsud ရဲဦးဆောင်မှုနဲ့ အုပ်စု ၁၃ ခုဟာ TTP အဖြစ်ဖွဲ့စည်းခဲ့တယ် ။ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်ကတော့ Parkistani military ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက်ဖြစ်တယ် ။ TTP ရဲ့ပထမဆုံးခေါင်းဆောင်ဖြစ်တဲ့ Baitullah Mahsud ဟာ ၂၀၀၉ ခုနှစ် သြဂုတ်လ ငါးရက်နေ့က ပေါက်ကွဲမှုမှာ အသတ်ခံခဲ့ရပြီး နောက်ထပ်ခေါင်းဆောင် Hakimullah Mahsud ကတော့ အမေရိကမှာ အသေခံ စစ်စင်ရေးတွေကို စတင် တွင်ကျယ်စေခဲ့သူဖြစ်တယ် ။

ဒီအဖွဲ့အစည်းဟာ United state ကို အကြိမ်ပေါင်း များစွာ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ် မေ ၁ ရက်နေ့က နယူယောက် မြို့မှ Times Square ကို မအောင်မြင်ခဲ့တဲ့ဗုံးခွဲတိုက်ခိုက်မှုကို ကြံစည်ခဲ့သူတွေလည်းဖြစ်တယ် ။ ၂၀၁၁ ခုနှစ် ဂျွန်လမှာ TTP ရဲ့ပြောဆို ခွင့်ရှိသူတစ်ဦးက အိုစမာဘင်လာဒင်ရဲ့သေဆုံးမှုအတွက်လက်စားချေဖို့ အတွက် United States နဲ့ ဥရောပကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုခဲ့ပါတယ် ။

ကမ္ဘာတ၀ှမ်းမှာရှိတဲ့ အစ္စလာမ်တွေကလည်း မြန်မာအစိုးရရဲ့ ဘဂါင်္လီအရေးကို ဆောင်ရွက်မှုအပေါ် ယခုလို ပုံတွေ မှာမြင်ရတဲ့အတိုင်း စော်ကားစွာ တုံ့ပြန်ခဲ့ကြတယ် ။

TTP ဆို တာ အစွန်းရောက်အစ္စလာမ်တွေဖွဲ့စည်းထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့အဖွဲ့အစည်းဖြစ်တာနဲ့အညီ အကြမ်း ဖက်တိုက်ခိုက်မှုပေါင်းများစွာ အသေခံ တိုက်ခိုက်မှုပေါင်းများစွာကို ပြုလုပ်ခဲ့တဲ့ ကမ္ဘာပေါ်ရှိ လူမ ဆန်သော အဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ် ။ သူတို့ပြောတာကတော့ အခုနောက်ပိုင်းဆက်လုပ်နေတဲ့ တိုက်ခိုက် မှုပေါင်းများစွာဟာ အိုစမာဘင်လာဒင်ရဲ့သေဆုံးမှုတွေနဲ့ပတ်သတ်နေတယ်လို့ဆိုတယ် ။

ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှု များပါဝင် သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်
======================

သူတို့ ကြေငြာချက်ဟာ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ဘဂါင်္လီ - ရခိုင် အရေးအခင်းနဲ့ တိုက်ရိုက်ပတ် သတ်နေ တယ် ။ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကဘဂါင်္လီတွေနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ (UNHCR) မဟာမင်းကြီးမစ္စတာ အန်တိုနီယိုဂူတာ ရက်စ်နှင့် တွေ့ဆုံ တုန်းကတိုင်းရင်း သားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လုံးဝလက်မခံနိုင်ဘူး ဆိုတာပြောခဲ့တယ် ။ ဒါ့အပြင် နောက် ဆုံး ဖြေရှင်းသည့် နည်းလမ်းကတော့ ခိုးဝင်လာတဲ့ ဘဂါင်္လီတွေကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိဖို့နဲ့ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန်ဆိုပြီးလည်းအတိအလင်းပြောခဲ့တယ် ။ သမ္မတကြီးက ဆက်လက်ပြီး တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်းပြောခဲ့တယ် ။ အဲဒီလို သမ္မတကြီးပြောပြီးလို့ မှမဆုံးခင် TTP က နေကြေငြာချက်ထွက်ပေါ်လာခဲ့တယ် ။ အဲဒီကြေငြာချက်ထဲမှာ -

၁ ။ ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများအပေါ် လက်စားချေ တိုက်ခိုက်မှု များ ပြုလုပ် သွားမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံသံတမန်ရေးရာ ဆက်သွယ်မှုများကိုလည်း ဖြတ်တောက်သွားရန်ကိုလည်း ဖိအားပေး တောင်းဆိုထားသည့်အချက်များ

၂ ။ ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးကိုလည်း ပိတ်ပစ်ရန်

၃ ။ TTP အဖွဲ့မှ Ehsanullah Ehsan က ''ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်သွားပါမယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား မှန်သမျှကို ဖျက်ဆီးသွားမှာဖြစ်သလို မြန်မာနိုင်ငံအပေါ် လိုလားသူတွေကိုလည်း ဆန့်ကျင်တိုက် ခိုက်သွားပါမယ်''ဟုပြောကြားခြင်း ။ စတာတွေပါဝင်ပါတယ် ။ ဒါ့အပြင်TTP အဖွဲ့မှ Ehsanullah Ehsan က ''ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်သွားပါမယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားမှန်သမျှကို ဖျက်ဆီးသွားမှာဖြစ် သလို မြန် မာနိုင်ငံ အပေါ် လိုလားသူတွေကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားပါမယ်''ဟုပြောကြား စတာတွေ လည်းပါ ၀င်ပါတယ် ။ ကမ္ဘာ့အကြီးဆုံး အစ္စလာမ်အဖွဲ့ဖြစ်တဲ့ Organization of Islamic Cooperation - OIC ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu ဆိုသူကလည်း သမ္မထံကို “ မြန်မာနိုင်ငံအတွင်း အစ္စလာမ် ဘာသာဝင်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ပေး ရန် ” ဆိုတဲ့စာပေးပို့တိုက်တွန်းခဲ့တယ်လို့ သတင်း တစ်ခုမှာ ဖော်ပြထားတယ် ။

စည်းလုံးညီညွှတ်ကြတဲ့ အစ္စလာမ် များ နှင့် အားနာတတ်သော တို့ မြန်မာ
+++++++++++++++++++++++++++++++++++

ဒီခေါင်းစဉ်တပ်ရတာ ကိုယ်ပေါင်ကိုယ်လှန်ထောင်းရသလိုဖြစ်နေခဲ့တယ် ။ သနားလို့ အားနာလို့ ကျွန်တော်တို့ ဟာ စိတ်ဓါတ်တွေကလည်း နဂိုကတည်းက သနားစိတ်အရင်းခံ ခပ်ပျော့ပျော့များ ရှိတဲ့နည်းတူ ကဲကဲ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီးစွာ နေကြရယ်လို့ ဆိုပြီး မြန်မာနိုင်ငံ အတွင်းနေထိုင် ခွင့်ပေးခဲ့ကြရာ ကအစ တစတစ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်က သတိထားမိလောက်တဲ့အချိန်မှာ ဆေးမှ မှီပါ့မလားဆိုပြီး ကိုယ့် အနာကို ကိုယ်ပြန်ကြည့်ရသလိုဖြစ်နေခဲ့တယ် ။ ဒီလို တာလီဘန်တွေရဲ့ခြိမ်းခြောက်မှုဟာ အစ္စလာမ် ဘာသာ ၀င်တွေရဲ့စည်းလုံးမှု အပေါ် ပြသရာလည်းရောက်ပြီး ငါတို့ ခြောက်လိုက်ရင်တော့ မြန်မာအစိုးရအနေနဲ့ ဘဂါင်္လီတွေကို တစ်ခုခုတော့စီစဉ်ပေးမှာပဲဆိုပြီးတွေးထားပုံလည်းပေါ်ပါတယ် ။

ခြိမ်းခြောက်တာကိုမကြောက်ပေမယ့်လည်း ပြင်ဆင်စရာရှိတာတွေကို တော့ ပြင်ဆင်ထားရမယ်မဟုတ်လား ။ အားနာတတ် လွန်း လို့ ကိုယ့် တဲထဲပေးဝင်ရာက တဲထဲကပိုင်ရှင်ပါ အပြင်ထွက်ပေးလိုက်ရတဲ့ပုံပြင်လို အခုတော့ ကိုယ့်မြေကိုယ့်ရေ ထဲနေပြီး ကိုယ့်တိုင်းရင်းသာေးတွက မသင့်မမြတ်ဖြစ်ရာကစ လို့ မငြိမ်းသော မီးတွေတောက်လောင်နေကြရပြီ ။ တကယ်ဆိုရင် ဧည့်သည်ဆိုတာ အိမ်ရှင်ရဲ့အရိပ်အကဲ ကို တောင် ကြည့်ပြီး နေတတ် ထိုင်တတ်နေ ရမယ်မဟုတ်လား ။ ဘယ်လို အိမ်ရှင်မျိုးကမှ ဧည့်သည်က ပြန်စော် ကားတာ မျိုးတော့လက်ခံမှာမဟုတ်ဘူး ။ တစ်ကမ္ဘာလုံးမှာလည်း အစွန်းရောက် အကြမ်းဖက် အစ္စလာမ် တာလီဘန်တွေရဲ့ ရိုင်းစိုင်းကြမ်းကြုတ်လို့ လူမဆန်စွာ သတ်ဖြတ်မှုတွေကိုလည်း စာမျက်နှာပေါင်းများစွာ ဓါတ်ပုံပေါင်းများစွာ ကျွန်တော်တို့ ကြည့်ခဲ့ကြပြီးဖြစ်တယ် ။

မြန်မာတွေအားလုံး ကျွန်တော်အပါအ၀င် ကိစ္စတစ်ခုကို လေးလေးနက်နက်ရေ ရှည်မတွေးပဲ ရေ တိုပဲကြည့် တတ်ကြတယ် ။ အခုလို ဖြစ်ခဲ့တာဟာလည်း အကြောင်းအချက်ပေါင်းများစွာရှိတယ် ။

၁ ။ ဘဂါင်္လီ - ရခိုင်အရေးအခင်းမှာ နိုင်ငံခြားပြည်ပ မီဒီယာတွေရဲ့ သတင်းမှားတင်ပြီး သွေးထိုးလှုံ့ဆော်မှု

၂ ။ လူမျိုးခြားစိမ့်ဝင်မှုကို လစ်လျှူရှုလို့ ကိုယ့်စီးပွား တစ်ခုတည်းသာကြည့်တတ်တဲ့ ခရိုနီတစ်စုရဲ့ အတ္တကြီးမှု

၃ ။ သဘောကောင်းလွန်းလို့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေကြပါလို့ ရေရှည်မတွေးပဲ ဘာသာ ပါ ပျောက် ကွယ် ရလောက်အောင် သဘောကောင်းလွန်းတဲ့ မှားယွင်းမှုကြီး

၎ ။ အနီးအနားမှာရှိနေတဲ့ လူတွေကို ကိုယ့်လို စိတ်ဓါတ်မျိုးပဲရှိမှာပဲဆိုပြီး ပေါ့ပေါ့ဆဆတွေးထင်တတ်ကြလို့

၅ ။ တစ်ကမ္ဘာလုံးမှာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ကို ထိရင်ဆတ်ဆတ်ထိမခံတတ်တဲ့ Organization of Islamic Cooperation-OIC ရဲ့ သွေးစည်းမှု ကို လျှော့တွက်ထားခြင်း

၆ ။ လုပ်ကြံဖန်တီးထားသော ဓါတ်ပုံပေါင်းများစွာဖြင့် အစ္စလာမ် တွေမြန်မာနိုင်ငံမှာ အသတ်ခံနေရပြီဆိုပြီး သတင်းမှားများအား အင်တာနက်စာမျက်နှာအနှံ့တွင်တင်လာခြင်း ။

၇ ။ နိုင်ငံရေးအတိုက်အခံ ပြည်ပရောက်အဖွဲ့အစည်းများက ဘဂါင်္လီများကိုရို ဟင်ဂျာအမည်ခံတိုင်းသား မျိုးနွယ်စု အဖြစ် သွတ်သွင်းရန် ပြည်ပ နိုင်ငံကြီးများအကူအညီယူ၍ ဖိအားပေးလာခြင်း ။

စတဲ့အချက်တွေဖြစ်တယ် ။

ဘာတွေပြင်ဆင်ထားသင့်တယ်လို့ထင်သလဲ

သူတို့ရဲ့ နည်းတွေက အကြမ်းဖက် တိုက်ခိုက်တဲ့နည်းတွေ ဖြစ်တဲ့နည်းတူ အသေခံဗုံးခွဲမယ် အသေခံ ဖောက် ခွဲမယ် စတဲ့ နည်းလမ်းတွေနဲ့အတူ ချောင်းမြှောင်းလုပ်ကြံမယ် ဆိုတဲ့ကိစ္စတွေလည်း ပါလာနိုင် တယ် ။ ဒီတော့ နိုင်ငံတော်ခေါင်းဆောင်ပိုင်းတွေရဲ့ Security ကို အထူးမြှင့်တင်ထားဖို့လိုသလို အရေးကြုံရင် ကာကွယ်ပေး မယ့် ပြည်သူ့တပ်မတော်ကိုလည်း အရည်အသွေးပြည့်မီအောင် လိုအပ်တာနဲ့ အဆင်သင့် အင် တိုက် အားတိုက် ဖြိုခွဲနိုင်အောင် ပြုလုပ်ရပါမယ် ။ ရေတပ် အင်အားကို အများကြီးတိုချဲ့ဖို့ လိုတယ်လို့မြင်မိသလို တခြားကြည်းတပ်နဲ့ လေတပ်ကိုလည်း အင်အားတွေထပ်ဖြည့်ထားလို့ လိုအပ်တယ် ။

ပြည်တွင်းမှာလည်း လျှို့ဝှက် သတင်းစုံစမ်းရေးတွေဖွဲ့ထားသင့်ပြီး သူတို့ရဲ့ခြေလှမ်းတွေကို ကိုယ်က ဦးအောင်ထောက် လှမ်းနိုင်ဖို့ လိုတယ် ။ ဘယ်သူတွေက အဆက်အသွယ်တွေလုပ်လို့ ဘာတွေကြံစည်နေကြတယ်ဆိုတာ ပြည်သူနဲ့ စစ်သား ၊ ၇ဲ ၊ လုံခြုံရေး ၊ မီးသတ် ၊ ဆက်သွယ်ရေး ကစလို့ အကုန်လုံးပူးပေါင်းဆောင်ရွက်ဖို့လိုတယ် ။ အခုကိစ္စ ကတော့ခြိမ်းခြောက်စာ သဘောမျိုးဖြစ်တဲ့အပြင် သွေးတိုးစမ်းတဲ့သဘောမျိုးလည်းဖြစ်နိုင်တယ် ။ တကယ် သူတို့ မကြံစည်ဘူးလို့လည်းမပြောနိုင်ဘူး ။ ကိုယ့်က ကာကွယ်ထားခြင်းသည်ဟာအ ထိရောက်ဆုံးမဟုတ်ပါလား ။

လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ဆိုးကြီး
================

တကယ့်ကို အခြေအနေက Alert !!! ဆိုသလိုပါပဲ ။ အရင်ဆောင်းပါးတွေထဲမှာ ရေးခဲ့သလိုပါပဲ တကယ့်စီးပွားရေး လုပ်ငန်းကြီးတွေ ၊ ကုမ္မဏီကြီးတွေနဲ့ ထိပ်သီးနေရာတွေထိအောင် လူမျိုးခြားတွေ စိမ့်ဝင် ပျံ့နှံ့နေ ကြတယ် ။ အဲဒါကိုလည်း ကျွန်တော်တို့ မြန်မာစစ်စစ်တွေက မဟာဂရုဏာတွေထားလို့ သာယာနေကြ တုန်း ။ အခုတော့ ကမ္ဘာ့အဆိုးဝါးဆုံး အကြမ်းဖက်အဖွဲ့ကြီးရဲ့ခြိမ်းခြောက်မှုကိုခံနေကြရပြီ ။ သွေးမ နည်းပေမယ့် စစ်ဆိုတာ မဖြစ်ရင်အကောင်းဆုံးပဲ ။ ဘယ်သူကမှ သာသနာတော် ထွန်းကားတဲ့ မြန်မာပြည် ထဲ သွေးမြေ ကျ တာမြင်ချင်ကြမယ်မထင်ဘူး ။ ဒါပေမယ့်လည်း ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ဘယ်သူ ကမှ အတိ အကျ မပြောနိုင်သေးဘူး ။ တချို့ကလည်း ဒီသတင်းကြားတာတောင် အေးအေးလူလူ ရှိနေတဲ့သူတွေရှိသလို ဒီသတင်းကို ဘယ်လောက်ထိ အရေးကြီးပြီး အန္တရာယ်ရှိတဲ့သတင်းမှန်းလည်း သိတဲ့သူတွေလည်းရှိကြမှာပါ ။ ရခိုင်ပြည်နယ်ဖက်မှာ လူမျိုးခြားတွေစိမ့်ဝင်နေခဲ့တာ မနေ့တစ်နေ့ကမှမဟုတ် ပါဘူး ။ ဆယ်စုနှစ်ပေါင်း များစွာကြာခဲ့ပါပြီ ။ ရခိုင်တင်ပဲလား မဟုတ်သေးဘူး ရန်ကုန်လို မြို့ကြီးတွေ ရဲ့ နေရာတွေ လမ်းတွေ အဆောက် အအုံတွေပေါ်မှာ လည်း လူမျိုးခြားတွေအများကြီး နောက်မန္တလေး လို မြို့ကြီးမှာလည်း လူမျိုးခြားတွေအများကြီး တချို့ဆို ဒီနေရာဟာ မြန်မာနိုင်ငံထဲက နေရာဟုတ်ရဲ့လားလို့ ထင်မိအောင်ကိုယ့်မြန်မာ လူမျိုးတွေပျောက် ကွယ်လို့ လူမျိုးခြားတွေစိမ့်ဝင်နေခဲ့တယ်

ကျွန်တော်တို့ ယုံကြည်သက်ဝင်သော ဗုဒ္ဓဘာသာ
======================

ဗုဒ္ဓဘာသာရဲ့ အဆုံးအမဖြစ်တဲ့ အလယ်အလတ်လမ်းစဉ်ဆိုတာကိုတော့ ကျွန်တော်လည်းလက်ခံ ယုံကြည်ပါတယ် ။ ကိုယ်ကိုယ်တိုင်က ဗုဒ္ဓဘာသာယုံကြည်သက်ဝင်သူဖြစ်တဲ့နည်းတူ မြတ်စွာဘုရားဟောထားတဲ့ တရားတော်တွေကိုလည်း ယုံကြည်လေးစားကိုးကွယ်ပါတယ် ။ သို့သော် မြတ်စွာဘုရားရှင်လက် ထက်တုန်း က ပေါ်ခဲ့တဲ့ေ၀၀ဒတ် ထက်စာရင် အခုခေတ် တာလီဘန်တွေ ပိုပြီး ရိုင်းစိုင်းယုတ်မာကြတယ်ဆိုတာ တစ်ကမ္ဘာလုံးအ သိဖြစ်တယ် ။

အခုလို ခြိမ်းခြောက်စာရေးတာကလည်းကောင်း တဲ့အလားအလာတစ် ခုတော့မ ဟုတ် ဘူး ။ ကြိုတင်ပြီး မြန်မာနိုင်ငံ အနေနဲ့ပြင်ဆင်ထားလို့ တပ်လှန့်လိုက်တယ်လို့လည်းမြင်မိတယ် ။ အေးချမ်းစွာ နေ ထိုင်တဲ့ ငြိမ်းချမ်းရေးကိုသာ ရှေးရှုတဲ့ မြန်မာနိုင်ငံဟာ တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ လူမျိုးခြားတွေရဲ့စိမ့်ဝင်မှုအန္တရာယ်ရဲ့ ၀ါးမြိုမှုကို စတင်ခံစားနေရတယ် ။ ဒါတွေကို အကောင်းဆုံးဖြေရှင်းဖို့ ဆိုရင်တော့ အရင်ဆုံး လူဝင်မှုကြီးကြပ်ရေးကစလို့ သန်းခေါင်စာရင်း ၊ လူဦးရေစာရင်း ၊ မှတ်ပုံတင် နဲ့တကွ တစ်ပြည်လုံးကို စာရင်းအတိအကျပြုစုလို့ ဟာကွက်မရှိအောင်လုပ်ဆောင်သင့်တယ်လို့မြင်မိတယ် ။

သံဃာတော်တွေ ၊ တရားဒေသနာတော်တွေနဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ မြန်မာပြည်ကို သွေးမြေကျအောင် မလုပ်ကြဖို့ ဆုတောင်းနေမိတယ် ။ အကယ်၍ ဆုတောင်းမပြည့်ခဲ့လို့ ခြိမ်းခြောက်စာထဲကအတိုင်း တာလီ ဘန်တွေ က မြန်မာနိုင်ငံကို ရန်မူဖို့ကြိုးစားလာခဲ့ရင်လည်း တပ်မတော်နဲ့ပြည်သူ လက်တွဲလို့ အကောင်း ဆုံး ကာကွယ် ကာ အမျိုး ၊ ဘာသာ ၊ သာသနာကို စောင့်ရှောက်ကြမယ်လို့ ယုံကြည်ရင်း အဆုံးသတ် လိုက်ပါတယ် ။

သက်တန့်ချို

moethihaaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1