Friday, March 29, 2013

မန်စီးတီး အနေဖြင့် မန်ယူကဲ့သို့ အသင်းလိုက် ကစားတတ်ရန် လိုအပ်ကြောင်း ကာဘာယီဝေဖန်

Ever November | 3/29/2013 10:31:00 PM | Best Blogger Tips

မန်ချက်စတာ ယူနိုက်တက်ကဲ့သို့ အသင်းလိုက် စုစည်းမှုမျိုး မန်ချက်စတာ စီးတီးတွင် မရှိနေခြင်းသည် ယခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဖြေတစ်ခု ဖြစ်သွားစေကြောင်း ယိုဟန် ကာဘာယီက ဝေဖန်လိုက်သည်။
မန်စီးတီးနှင့် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်မီတွင် နယူးကာဆယ်လ် ယူနိုက်တက် ကွင်းလယ် ကစားသမားက မန်စီးတီးအနေဖြင့် အမှတ်ပေးဇယားတွင် မန်ယူနောက် (၁၅)မှတ် ပြတ်ကျန်ခဲ့ခြင်းမှာ အသင်းလိုက် စွမ်းဆောင်မှု အားနည်း၍ဟု ပြောကြားခဲ့သည်။ ပြင်သစ် လက်ရွေးစင် ကာဘာယီက မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်၏ ပုံသွင်းမှုအောက်တွင် မန်ယူအသင်းသည် အလွန်စည်းချက်ညီပြီး အသင်းလိုက် စုစည်းမှု ကျစ်လစ်လွန်းကြောင်း ချီးကျူးသွားခဲ့သည်။
"မန်ယူက စက်ယန္တရား တစ်ခုလိုပါပဲ။ ဒီလိုဖြစ်အောင် ဆာအဲလက်စ်က အကောင်းဆုံး လုပ်ဆောင်ထားတယ်လေ။ မန်ယူရဲ့ လူစာရင်းမှာ ကစားသမားတွေ အပြောင်းအလဲ လုပ်လိုက်တယ် ဆိုရင်လည်း ဘယ်ကစားသမားက ဘယ်နေရာမှာ ဘယ်လို အံဝင်အောင် ကစားနိုင်တယ် ဆိုတာကို ဆာအဲလက်စ်က သိပြီးသားပဲ"ဟု ကာဘာယီက ဆိုသည်။ ၎င်းက "မန်စီးတီးမှာ အကောင်းဆုံး ကစားသမားတွေ ရှိတယ်။ ဒါပေမဲ့ ပြဿနာက သူတို့ဟာ အသင်းတစ်ခု အနေနဲ့ မကစားတတ်ဘူး။ ဒီအချက်က မန်ယူနဲ့ အရမ်းကွာခြားသွားစေပါတယ်"ဟုလည်း ထောက်ပြခဲ့သည်။

ကာဘာယီက မန်စီးတီးသည် ချန်ပီယံဆုကို ကာကွယ်ရန် အခွင့်အလမ်း မရှိတော့ဟုလည်း ဆိုသည်။ "မနှစ်က မန်ယူနောက် (၈)မှတ် လျော့နေရာကနေ သူတို့ အမီလိုက်ခဲ့တယ်။ ဒါပေမဲ့ ဒီရာသီက (၁၅)မှတ် ပြတ်နေတာပါ။ ပြီးခဲ့တဲ့ ရာသီကထက် ပိုပြီး ခက်ခဲနိုင်တယ်လေ။ ကျွန်တော်ကတော့ မဖြစ်နိုင်လောက်တော့ဘူးလို့ပဲ ထင်တယ်။ မန်ယူဟာ နောက်(၃)ပွဲလောက် နိုင်လိုက်ရင် ချန်ပီယံဆုအတွက် သေချာသလောက် ဖြစ်သွားပါပြီ"ဟုလည်း ၎င်းက ပြောကြားသွားသည်။
Ref: The Sun
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1