Friday, March 29, 2013

လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် ရရှိရေး တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားဆွေးနွေး

Ever November | 3/29/2013 02:32:00 PM | Best Blogger Tips

တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့သည် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိနိုင်ရန် တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်၌ မတ် ၂၆ ရက်မှစတင်ကာ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပလျက်ရှိကြောင်း သိရသည်။ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ စုစုပေါင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ)မှာ ကမ္ဘာ့နိုင်ငံများအားလုံ၏ ဂျီဒီပီတွင် ၂၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။ အဆိုပါနိုင်ငံ သုံးနိုင်ငံစလုံး၌ ခေါင်းဆောင်သစ်များ စတင်တာဝန် ယူလျက်ရှိကြရာ ဆက်ဆံရေး ထိခိုက်နိုင်သော ပိုင်နက်နယ်မြေ အငြင်းပွားမှုများကို လျစ်လျူရှုကာ ကုန်သွယ်ရေး ဆွေးနွေးမှုများကို တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ရသည်။ သုံးပွင့်ဆိုင် လွတ်လပ်သော ကုန်သွယ်ရေးဇုန်နယ်မြေ ထူထောင်ရေးဆိုင်ရာ အယူအဆတစ်ရပ် ပေါ်ပေါက်ခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ယခုအခါ ယင်းဇုန်မြေကို ထူထောင်နိုင်ရန် ဖိအားပေး ဆောင်ရွက်လာကြောင်း၊ အကြောင်းမှာ အာရှဒေသ၌ အမေရိကန်က အလားတူ ဇုန်နယ်မြေ ထူထောင်နိုင်ရန် ကြိုးပမ်းလာခြင်းကြောင့်ဖြစ်ကြောင်း သံတမန်များက ပြောကြားသည်။ 
(ယွန်ဟပ်)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1