Friday, March 29, 2013

နိုင်ငံတော်သမ္မတကြီး တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်

Ever November | 3/29/2013 10:10:00 PM | Best Blogger Tips

''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုသည့်အတွက် ဆက်သွယ်ရေး ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေး တွင် ပြောကြား ခဲ့သည်။

ယခုအစည်းအဝေးမှာ ပြည်သူလူထုအား ကြိုတင် အသိပေးထားသည့်အတိုင်း မိုဘိုင်းလ်ဖုန်း Sim Card များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး ကဏ္ဍ သည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် သာမက နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး စသည်ဖြင့် ကဏ္ဍစုံကို အထောက်အကူပြုသည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တွင် ဆက်သွယ်ရေးကဏ္ဍသည် အလွန်အရေးကြီးသည့် ကဏ္ဍ ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆမှာ (၇) ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်း၊ တယ်လီဖုန်းသုံးစွဲနိုင်မှု များပြားလာအောင် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် စီမံချက်များ ရေးဆွဲပြီး စီမံဆောင် ရွက်လျက်ရှိကြောင်း၊ တယ်လီဖုန်းသုံးစွဲမှု တိုးတက်များပြားလာအောင် တိုးမြှင့်တပ်ဆင်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ရာတွင် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် လိုင်း (၈)သန်း ၊ ၂ဝ၁၄-၂ဝ၁၅ တွင် လိုင်း (၁၈) သန်း စုစုပေါင်း (၂၆) သန်း တိုးချဲ့တပ်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း၊ သိပ်သည်းဆအားဖြင့် ၂ဝ၁၂-၂ဝ၁၃ တွင် (၁ဝ) ရာခိုင်နှုန်း၊ ၂ဝ၁၃-၂ဝ၁၄ တွင် (၂၇) ရာခိုင်နှုန်းနှင့် ၂ဝ၁၄-၂ဝ၁၅ တွင် (၅ဝ) ရာခိုင်နှုန်း ဖြစ်လာအောင် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း၊

ယင်းလျာထားချက်မှာ အနိမ့်ဆုံးရည်မှန်းချက်ဖြစ်ပြီး ယင်းရည်မှန်းချက် ဖြစ်မြောက်အောင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်သည်နှင့်အမျှ နိုင်ငံတော်၏ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ တယ်လီဖုန်းသည် လက်တွေ့ နယ်ပယ်အသီးသီးတွင် ထိရောက်စွာ အသုံးပြုနေသည့်ပစ္စည်းတစ်ခုဖြစ်ပါကြောင်း၊ တယ်လီဖုန်း သုံးစွဲနိုင်ရေး အတွက် ဆောင် ရွက်ရမည့် လုပ်ငန်းကဏ္ဍမှာ များပြားပါကြောင်း၊ အခြေခံ အဆောက်အအုံ တည်ဆောက်သည့် အပိုင်းနှင့် တယ်လီဖုန်းလိုင်းများ တည်ဆောက်သည့် အပိုင်းဟူ၍ ရှိပါကြောင်း၊ အခြေခံ အဆောက်အအုံနှင့် တယ်လီဖုန်းလိုင်းများ တိုးချဲ့တပ်ဆင်နိုင်ရေးအတွက် ပြည်တွင်း ကုမ္ပဏီများသာမက ပြည်ပ ကုမ္ပဏီများ ကိုပါ ဖိတ်ခေါ်ထားပါကြောင်း။

မိုဘိုင်းလ် တယ်လီဖုန်း Sim Card များကို ယခင်က ပြည်သူများ ဝယ်ယူသုံးစွဲရသည်မှာ ဈေးနှုန်း များပြားခဲ့ပါကြောင်း၊ ဈေးများရသည့် အကြောင်းမှာ ပြည်သူများထံမှ ရောင်းချရသည့် ငွေများဖြင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် လိုင်းများ တပ်ဆင်ရခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ယခု အခြေအနေတွင် အခြေခံ အဆောက်အအုံနှင့် လိုင်းများမှာ တော်တော်များများ တပ်ဆင်ပြီးဖြစ်၍ လိုင်းများများ သုံးနိုင်ရန်အတွက်ဆိုလျှင် Sim Card များကိုလည်း ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူများအား Sim Card များ ရောင်း ချပေးမည့် ရက်နှင့် ဈေးနှုန်းတို့ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက အချိန်မီ သတင်း ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ခွဲဝေရရှိလာသော Sim Card များကို တယ်လီဖုန်း မရရှိသေးသည့် ပြည်သူများ မျှမျှတတရရှိနိုင်အောင် စနစ်တကျ ဖြန့််ခွဲ ရောင်းချပေးသွားရန် ဖြစ်ပါကြောင်း၊ ပြင်ပတွင် ဈေးမကစားနိုင်ရေးအတွက် Sim Card များကို တူညီသည့်ဈေးနှုန်းဖြင့် လစဉ် ရောင်း ချပေးသွား ရန် စီစဉ်ထားပါကြောင်း၊ Sim Card များရောင်းချပေးသည့်နည်းတူ Hand Set များကိုလည်း ပုဂ္ဂလိကမှ ရောင်းချရာတွင် ဈေးမကစားနိုင်အောင် အခွန်လျော့ပေးသည့်နည်း၊ အပြိုင် အဆိုင် ရောင်း ချပေးစေသည့် နည်းစသည့် နည်းလမ်းများအပါအဝင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး နည်းလမ်း ရှာဖွေ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် Sim Card များကိုသတ်မှတ် ပေးထားသည့် ဈေးနှုန်း အတိုင်း ပြည်သူများထံ မှန်မှန်ကန်ကန်နှင့် မျှမျှတတ ဖြန့်ဝေပေးသွားရန် ဖြစ်ပါကြောင်း၊ Sim Card များကို လစဉ် ဈေးနှုန်းမပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလမရရှိပါက နောက်လတွင် ရရှိမည် ဖြစ်ကြောင်းကိုလည်း ပြည်သူများအား အသိပေးတင်ပြထားရန် ဖြစ်ပါကြောင်း၊ Sim Card များ ရရှိပြီးနောက် ဖုန်းလိုင်းများ ကြပ်တည်းမှုမရှိစေရေးအတွက်လည်း ကြိုတင်စီမံဆောင်ရွက်သွားရန် ဖြစ် ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

Credit: Hmuu Zaw

myanmartharkaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1