Sunday, February 26, 2012

နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် တိုင်းရင်းသား လူမျိုးစုများနှင့် ပြန်လည် ရင်ကြားစေ့ရေး ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို တွေ့ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၏ အမျိုးသား ကော်မတီ ဥက္ကဋ္ဌပြောကြား

November | 2/26/2012 08:26:00 PM | Best Blogger Tips
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့်တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏အမျိုးသားကော်မတီ ဥက္ကဋ္ဌ ကျာချင့်လင်တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၊ Xin Jiang ခန်းမတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီက တွေ့ဆုံ ဆွေးနွေးခဲ့ကြသည် ဟု တရုတ်နိုင်ငံသို့ လိုက်ပါ သတင်းရယူလျက် ရှိသော Weekly Eleven News Journal  အမှုဆောင် အယ်ဒီတာ ကိုသန်းဇော်ထွန်းက သတင်းပေးပို့ခဲ့ ပါသည်။

ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၏ အမျိုးသားကော်မတီ ဥက္ကဋ္ဌကျာချင့်လင်က နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် နယ်စပ်ဒေသများရှိ တိုင်းရင်းသား လူမျိုးစု များနှင့် ပြန်လည်ရင်ကြားစေ့ရေး ပြဿနာများကို သင့်လျော်စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းကို မြန်မာနိုင်ငံ တွေ့ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း နှင့် ယင်းသည် မြန်မာ-တရုတ် နယ်စပ်ဒေသ ရေရှည်တည်ငြိမ် အေးချမ်းရေးကို အကာအကွယ် ပေးလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရားမဲ့ပြုကျင့်မှုများနှင့် ပတ်သက်၍ လာဘ်ပေးလာဘ်ယူ ပြုလုပ်၍ မဲဝယ်မှုများ ရှိလျှင် မဲဝယ်သည့်သူက ထောင်ကျခံရမည်ဖြစ်ပြီး မဲဝယ်သည့်သူက မည်သူ့အတွက် ၀ယ်ပါသည်ဆိုလျှင် စေခိုင်းသောသူမှာ ကိုယ်စားလှယ်အဖြစ်မှ အပယ်ခံရမည် ဆိုသည့်ဥပဒေနှင့် ပတ်သက်၍ မဲဝယ်သူက ၀ယ်ခိုင်းသည့်သူ မရှိဘဲနှင့် သူ့လူ ကိုယ့်ဘက်သားလုပ်၍ ၀ယ်ခိုင်းပါသည်ဟု ပြောဆိုခဲ့ပါက မည်ကဲ့သို့ ဆုံးဖြတ်ပေးမည်နည်း ဟူသော မေးခွန်းကိုမူ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိ
တစ်နာရီဝန်းကျင် ကြာမြင့်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့နှင့် ဆက်သွယ်ဆောင်ရွက်မှု တိုးမြှင့်ရေး စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၏ အမျိုးသားကော်မတီဥက္ကဋ္ဌ ကျာချင့်လင်က မြန်မာ နိုင်ငံအပေါ် အနောက်နိုင်ငံများက ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် တရုတ်နိုင်ငံ က ဆက်လက် တောင်းဆိုသွားမည် ဖြစ်ကြောင်း၊ ယခုနှစ်များ အတောအတွင်း၌ မိမိတို့ချုပ်ဆိုထားသည့် မီးရထား လမ်း၊ ကားလမ်း၊ ရေနံပိုက်လိုင်း စသည့် အခြေခံ အဆောက်အအုံ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများသည် မိမိတို့နှစ်နိုင်ငံ စီးပွားရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများအနက် အရေးကြီးသည့် လက္ခဏာများ ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများသည် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် အကျိုး ပြုရုံသာမက ဒေသတွင်း၌ အခြေခံ အဆောက်အအုံများ ချိတ်ဆက်ရန် ဆက်သွယ်ရေးအတွက် အင်မတန် အရေးကြီးသည့် အပိုင်းတစ်ပိုင်း ဖြစ်ပါကြောင်း၊ ယင်းကြောင့် မိမိတို့နှစ်ဦးနှစ်ဖက်က ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလုပ်ပေးခြင်းဖြင့် ကြီးမားသည့် လုပ်ငန်းများသည် စောလျင်စွာ အောင်မြင်ပြီး မိမိတို့ နှစ်ဦးနှစ်ဖက် အနေဖြင့် အဆိုပါ အကျိုးသက်ရောက်မှုကို စောလျင်စွာ ခံစားနိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် အခုလတ်တလော၌ အခြားသူများသည် အဲဒီပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို ဟန့်တားချင်ပါကြောင်း၊ ထိန်းသိမ်းချင်ပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကိုလည်း သွေးခွဲချင်ပါကြောင်း၊ ယင်းကို မိမိတို့အနေဖြင့် မြင့်မားစွာ သတိထားရန် လိုပါကြောင်း၊ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ကိစ္စသည်လည်း အကျိုး သက်ရောက်မှု ရှိနေပါကြောင်း၊ ကြီးမားသည့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကို ဟန့်တားမှု မရှိစေရန် မိမိတို့ အနေဖြင့် အထူးပဲကြိုတင် ကာကွယ် စောင့်ရှောက်ရန် လိုအပ်ပါကြောင်း လည်း ဆွေးနွေးမှုတွင် ထည့်သွင်း ပြောကြားခဲ့သည်။
၎င်းသည် မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားအစိုးရ တက်လာပြီး ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံနယ် နိမိတ်ထိစပ်မှုမှာ ကီလိုမီတာ၂၂၀၀ ကျော်ရှိပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တွင်ထိပ်ဆုံးကရပ်တည်နေသည်။ ထို့အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာ သည်နှင့်အမျှ တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံတွင် လာရောက် အခြေချမှုမှာလည်း တိုးတက်လာ သည်ကို တွေ့ရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးအဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ ကွန်ဂရက်ဥက္ကဋ္ဌ Wu Bangguo ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
Ref; EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1