Sunday, February 26, 2012

မွန်ပြည်သစ်ပါတီနှင့်​ အစိုး​ရ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူ

November | 2/26/2012 12:05:00 AM | Best Blogger Tips
တိုင်း​ရင်း​သား​ လက်နက်ကိုင် မွန်ပြည်သစ်ပါတီနဲ့​ အစိုး​ရအကြား​ အပစ်အခတ် ရပ်စဲ​ရေး​ သ​ဘောတူ လက်မှတ်​ရေး​ထိုး​လိုက်ပါပြီ။
မွန်ပြည်သစ်ပါတီနဲ့ ​ အစိုး​ရ ငြိမ်း​ချမ်း​ရေး​ အဖွဲ့​တွေ မွန်ပြည်နယ် ​မော်လမြိုင်က ကမ်း​နား​ဟိုတယ်မှာ ဒီ​နေ့​မနက်က ​တွေ့​ဆုံခဲ့​အပြီး​မှာ အပစ်အခတ်ရပ်စဲ​ရေး​ အပါအဝင် ငြိမ်း​ချမ်း​ရေး​ သ​ဘောတူညီချက်​တွေ လက်မှတ်ထိုး​နိုင်ခဲ့​တာပါ။

မြန်မာအစိုး​ ရဘက်က ဦး​အောင်မင်း​ခေါင်း​ဆောင်တဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်အဖွဲ့​နဲ့​ မွန်ပြည်သစ်ပါတီက နိုင်​ရောစ​ခေါင်း​ဆောင်တဲ့​ ကိုယ်စား​လှယ်​တွေ ​ဆွေး​နွေး​ လက်မှတ်​ရေး​ထိုး​ရာမှာ ပြည်​ထောင်စုအဆင့်​ သ​ဘောတူညီချက် ၄ ချက်နဲ့​ ပြည်နယ်အဆင့်​ သ​ဘောတူညီချက် ၅ ချက် နှစ်ဆင့်​ခွဲပြီး​ သ​ဘောတူ လက်မှတ်​ရေး​ထိုး​ခဲ့​တယ်လို့​သိရပါတယ်။
ပြည်​ ထောင်စုအဆင့်​ သ​ဘောတူညီချက်​တွေမှာ တပြည်လုံး​အတိုင်း​အတာနဲ့​ အပစ်အခတ်ရပ်စဲဖို့​ အထူး​သဖြင့်​ တိုင်း​ရင်း​သား​နယ်​မြေ​တွေမှာ ဖြစ်ပွား​နေတဲ့​ လက်နက်ကိုင် ပဋိပက္ခ အမြန်ဆုံး​ရပ်စဲဖို့​၊​ အပစ်အခတ်ရပ်စဲချိန်ကစပြီး​ အများ​ဆုံး​ ၄၅ ရက် အတွင်း​ နိုင်ငံ​ရေး​ ​ဆွေး​နွေး​ပွဲစတင်ဖို့​ စတဲ့​ အဓိက သ​ဘောတူညီချက် ၄ ချက် ရယူနိုင်ခဲ့​ပါတယ်။
သ​ဘောတူညီချက် ​တွေထဲမှာ နှစ်ဖက် အပစ်အခတ် ရပ်စဲပြီး​တဲ့​နောက်မှာ ​ဒေသတည်ငြိမ်​ရေး​နဲ့​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ ပူး​ပေါင်း​ဆောင်ရွက်သွား​ဖို့​၊​ အပစ်အခတ် ရပ်စဲထား​စဉ်အတွင်း​ မွန်ပြည်နယ်နှင့်​ ဆက်စပ်နယ်​မြေများ​တွင် စစ်အင်အား​ ထပ်မံတိုး​ချဲ့​တာ​တွေ မလုပ်​ဆောင်ဖို့​၊​ အကျဉ်း​ထောင်တွင် ကျန်ရှိ​နေသည့်​ နိုင်ငံ​ရေး​သမား​များ​ အား​လုံး​နဲ့​ မွန်ပြည်သစ်ပါတီ ရဲ​ဘော်များ​ကို လွှတ်​ပေး​ဖို့​နဲ့​ အဓမ္မလုပ်အား​ပေး​ ခိုင်း​စေမှု​တွေကို ​ရှောင်ကြဉ်ဖို့​တွေလည်း​ သ​ဘောတူညီချက်မှာ ပါရှိပါတယ်။
ပြည်နယ်အဆင့်​ ပဏာမ သ​ဘောတူညီချက်​တွေထဲမှာ​တော့​ နှစ်ဦး​နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်း​ရန်၊​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ရေး​ အဖွဲ့​နှင့်​ ​ဆွေး​နွေး​ရန်အတွက် ကိုယ်စား​လှယ်အဖွဲ့​ တရား​ဝင် ဖွဲ့​စည်း​ပေး​ရန်၊​ ဆက်ဆံ​ရေး​စခန်း​ကို နှစ်ဖက်သ​ဘောတူသည့်​ သင့်​တော်ရာ ​နေရာ၌ ထား​ရှိရန်၊​ နှစ်ဖက် သ​ဘောတူညီထား​သော နယ်​မြေများ​မှအပ နယ်​မြေ​ကျော်လွန် လက်နက်ကိုင်​ဆောင် သွား​လာမှုများ​ကို နှစ်ဖက် ကြိုတင် ညှိနှိုင်း​ရန်နဲ့​ နှစ်ဖက် သ​ဘောတူညီမှု ညှိနှိုင်း​ရရှိထား​သည့်​ သတ်မှတ်​နေရာများ​တွင် ​နေထိုင်ရန် ကိစ္စ​တွေ ပါဝင်ပါတယ်။
နှစ်ဖက် ​ဆွေး​နွေး​ပွဲအပြီး​ သတင်း​စာရှင်း​လင်း​ပွဲလည်း​ ပြုလုပ်ခဲ့​ပါတယ်။
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1