Sunday, February 26, 2012

ဒေါ်အောင်ဆန်းစုကြည် သုံးခွမြို့ ကို စည်းရေးရေးခရီးသွားရောက်

November | 2/26/2012 08:31:00 PM | Best Blogger Tips
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေသည့် သုံးခွမြို့ခံများ (photo-nldfacebook)
 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ်က ပြန်ရောက်လာပြီးနောက် ရန်ကုန်တိုင်း သုံးခွမြို့ကို ဒီကနေ့ မွန်းလွဲပိုင်းက စည်းရုံးရေးခရီး သွားရောက်ခဲ့ပါတယ်။

ဒီခရီးစဉ်မှာသုံးခွမြို့ ဘောလုံးကွင်းအနီးမှာပရိတ်သတ်တွေကိုအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုယ်စား
လှယ်လောင်းကိုမဲပေးဖို့မဲဆွယ်မိန့်ခွန်း ပြောကြားခဲ့ပြီးမြို့ခံလူထုတွေနဲ့အနီးအနားကျေးရွာတွေက ရဟန်းရှင်လူ ထောင်ပေါင်းများစွာကသွားရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မြို့ခံတွေက မွန်းလွဲပိုင်းကတည်းက စောင့်နေကြပြီး သုံးခွမြို့ကို ညနေ ၄ နာရီလောက်မှ ရောက်ရှိလာတယ်လို့ သုံးခွမြို့ခံ အမျိုးသမီးကြီးတဦးက ပြောပါတယ်။
“မြင်လိုက်ရပါတယ်။ လက်တွေလည်း ပြလိုက်ရပါတယ်။ နောက်ကလည်း ကားတန်းကြီးက မြင်မကောင်းရှူမကောင်းပဲ၊ ရှေ့က သွားထားတဲ့ကားတွေကလည်း မြင် မကောင်းရှုမကောင်း၊ လူတွေက တလမ်းလုံး ပြည့်ကျပ်နေတာပဲ။ သူလည်း ပျော်ပျော်ရွှင်ရွှင်ပဲ တမြို့လုံးကလည်း ပျော်ပျော်ရွှင်ရွှင်ပဲ၊ နဂိုကတည်းကလည်း လေးစားချစ်ခင်နေတာပဲ ၀မ်းသာပါတယ်။ အောင်မြင် စေချင်ပါတယ်။ သူတို့က ကိုယ်ကျိုးစွန့်ပြီး လုပ်ထားတဲ့သူတွေ ဆိုတော့ အန်တီတို့အနေနဲ့ သူတို့လိုလူတွေ အောင်မြင်သွားရင် ၀မ်းသာရတာပေါ့”
အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်မိန့်ခွန်း သွားရောက် နားထောင်ခဲ့တဲ့ သုံးခွမြို့ခံ လူငယ်တဦးကလည်း “ဒေါ်စုစုလွင်ကိုမဲပေးပါ။ မှန်မှန်ကန်ကန်ခြစ်ပါ။ သူတို့က ကျန်းမာရေးနဲ့ပညာရေးကို တိုးတက်အောင် လုပ်ပါ့မယ်တဲ့။ အဲ့လိုမျိုးတွေ ပြောတယ်။  လူကတော် တော်များတာမှ ရေတွက်လို့ မရအောင်ပဲ။  သုံးခွဘောလုံးကွင်းကို ဒေါ်အောင်ဆန်းစုကြည် ရောက်တဲ့အချိန်မှာ ဘောလုံးကွင်းကြီးလည်း အပြည့်ပဲ။ သုံးခွမြို့အထွက်မှာ  လူတွေကကို မစဲသေးတာ။ လူတွေမှ အများကြီးပဲ ကျမတော့ ရေတွက်လို့တောင် မရဘူး။ ၀မ်းသာတာပေါ့။”
ရန်ကုန်တိုင်း သုံးခွမြို့နယ်ဟာ လာမယ့် ဧပြီလ တရက်နေ့မှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ့် ပြည်သူ့လွှတ်တော် လစ်လပ် မဲဆန္ဒနယ်တခုဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်စုစုလွင်က ကြံ့ခိုင်ရေးပါတီက ဦးအောင်ကျော်မင်းနဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ဦးကြည်သန်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 
Ref; DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1