Sunday, February 26, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်သည့် ဦးတင်ရီ၏ အယူခံလွှာ ဖေဖော်ဝါရီ ၂၈ တွင် ဆုံးဖြတ်မည်

November | 2/26/2012 08:38:00 PM | Best Blogger Tips


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလစ်လပ်မဲဆန္ဒနယ်ထဲမှကိုယ်စားလှယ်လောင်းအမည်စာရင်း  ကြေညာ
ရန်ကျန်ရှိသည့် ကော့မှူးမြို့ နယ်မှကြားဖြတ်  ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည့်ကိုယ် စားလှယ်လောင်း အမည်စာရင်း ကို မကြာမီရက်ပိုင်း အတွင်း ကြေညာ သွားမည်ဖြစ်ကြောင်းသိရသည်။


''ဦးတင်ရီက အယူခံလွှာကို(၂၂)ရက်နေ့နေ့လည်မှာ တိုင်းကော်မရှင်ကို  လာတင်သွားတယ်။  တိုင်းကော်မရှင်အနေနဲ့တော့ ခရိုင် ကော်မရှင်မှာ မူလကကန့်ကွက်တဲ့ အကြောင်းအရာပေါ်မူတည်ပြီးဆုံး ဖြတ်သွား မှာပါ။၂၈ ရက်နေ့မှာဆုံး ဖြတ်ချက်ချသွားမယ်။ အဲ့ဒီနောက်ပိုင်းမှာ အမြန်ဆုံး ကော့မှူးမဲဆန္ဒနယ်  အတွက် အမည်စာရင်းပုံစံ(၁၀) ကပ်သွားမယ်'' ဟုရန်ကုန်တိုင်း ဒေသ ကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးကိုကို ကဆိုသည်။

ကော့မှူးမြို့နယ် မဲဆန္ဒ နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံ ကြမည့်ကိုယ်စားလှယ်လောင်းအမည် စာရင်းကို ယှဉ်ပြိုင်အရွေးခံကြမည့် ညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီက အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်လောင်း အရည်အချင်း နှင့်ကိုက်ညီမှုမရှိသဖြင့် အနောက် ပိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ပလပ်လိုက်သည်။ထိုသို့ပ လပ်လိုက်မှု အပေါ်အဆိုပါကန့်ကွက် ခဲ့သည့် ကိုယ်စားလှယ် လောင်းမှ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ ဖေဖော်ဝါရီ(၂၂)ရက်နေ့ ကအယူခံလွှာတင်ပို့ခဲ့ကြောင်းသိရ သည်။ထို့ကြောင့် ဖေဖော်ဝါရီ(၁၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ လစ်လပ် မဲဆန္ဒနယ် (၅)ခုမှ ဝင်ရောက်  ယှဉ်ပြိုင်နိုင်သည့်ကိုယ်စား လှယ်လောင်း  အမည်များကို သက် ဆိုင်ရာမြို့နယ်နှင့်ရပ်ကွက်၊ကျေးရွာ အုပ်စုများတွင်ကြေညာပေးခဲ့သော် လည်းကော့မှူးမြို့နယ်တွင်ဝင်ရောက် ယှဉ်ပြိုင်နိုင် သည့် ကိုယ်စားလှယ်လောင်း  အမည်စာရင်းများ ကို ကန့် ကွက်သည့်ကိစ္စမပြီး ပျက်သေးသည့် အတွက်အဆိုပါ  မဲဆန္ဒနယ်အားတိုင်း ဒေသကြီး  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှဆုံးဖြတ်ချက်ချပြီးသည့်ဖေ ဖော်ဝါရီ(၂၈)ရက်နေ့နောက်ပိုင်း တွင် အမြန်ဆုံး ကြေညာပေး မည်ဖြစ် ကြောင်းသိရသည်။

''ကန့်ကွက်လွှာတွေမပြီး မချင်းတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်းမထွက်သေးတဲ့အ တွက်တော့ အဲ့ဒီနေရာမှာပြိုင်မယ့် ကိုယ်စားလှယ်လောင်း တွေရော၊ တခြားကိုယ်စားလှယ်  လောင်းပါစည်းရုံးရေး အတွက် နောက်ကျသွားတာ ပေါ့။ဒါကြောင့်(၂၈)ရက်နေ့ဆုံး ဖြတ်ချက်ချပြီးတာနဲ့ အမြန်ဆုံးကြေညာ ပေးမှာပါ'' ဟုကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးကိုကိုကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်း အရည်အချင်း နှင့် ကိုက်ညီမှုမရှိဟုဆို ကာကန့်ကွက်ခဲ့သည့်  ယှဉ်ပြိုင်အရွေး ခံမည့်  ဦးတင်ရီ၏ ကန့်ကွက်လွှာအား တောင်ပိုင်းခရိုင်  ကော်မရှင်ရုံးမှ  ဇန်န ဝါရီ(၁၁)ရက် နေ့က ပလပ် လိုက်ကြောင်း သိရသည်။ကော့မှူးမြို့နယ်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်  ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား အဆိုပါမဲ ဆန္ဒနယ်တွင်  ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွှတ်ရေး နှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးတင်ရီမှ ကိုယ်စားလှယ်လောင်း  အရည်အချင်း  နှင့်  ညီညွှတ်မှုမရှိကြောင်း ဇန်နဝါရီ(၆)ရက်နေ့ကတောင်ပိုင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်   အဖွဲ့ခွဲ သို့ကန့်ကွက်လွှာ   တင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါကော့မှူးမြို့နယ် တွင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှဒေါ်အောင်ဆန်းစုကြည်၊ ညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီနှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာ ဦးစိုးမင်းတို့က ဝင်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။
Ref; ရန်ကုန်တိုင်းမ်

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1