Sunday, February 26, 2012

မုံရွာမြို့၌ လောင်စာဆီတင်ကားတစ်စီး မီးလောင်မှုဖြစ်ရာမှ ဓာတ်ဆီဆိုင်များကိုပါ ကူးဆက်လောင်ကျွမ်းမှုဖြစ်ပွား

November | 2/26/2012 08:53:00 PM | Best Blogger Tips
 

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့မအူဆီဆိုင်တန်းတွင်လောင်စာဆီတင်မော်တော်ယာဉ်တစ်စီးသည်ယနေ့
 ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်း ၄နာရီ ၁၅ မိနစ် အချိန်၌ မော်တော်ယာဉ်ပေါ်မှ လောင်စာဆီများကို အတင်အချလုပ်ရာမှ မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး ယင်းမှတဆင့် ဓာတ်ဆီဆိုင်များကိုပါ မီးကူးဆက်လောင်ကျွမ်းကာမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေခံများကပြောကြားသည်။

လောင်စာဆီများတင်ဆောင်ထားသောမော်တော်ယာဉ်တစ်စီးသည် မော်တော်ယာဉ်ပေါ်မှ လောင်စာဆီများအတင်အချလုပ်နေရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါမော်တော်ယာဉ်သည် မီးလောင်မှုဖြစ်ပွားနေစဉ် အဝေးသို့မောင်းထွက်ပြေးသွားကြောင်း၊ အခြားသော လောင်စာဆီတင်ယာဉ်တစ်စီးသည်လဲ မီးလောင်ခံရမည်ကို စိုးရိမ်သဖြင့် မောင်းနှင်ထွက်ပြေးရာမှ ကားလမ်းမဘေးရှိရေမြောင်ထဲသို့ထိုးကျသွားကြောင်း၊ မီးစတင်လောင်ကျွမ်းခံခဲ့ရသော လောင်စာဆီတင်မော်တော်ယာဉ်ကို မီးသတ်တပ်ဖွဲ့ဝင်များက ၀ိုင်းဝန်ငြိမ်းသတ်ရာ ၄ နာရီ မိနစ် ၅၀ အချိန်တွင် မီးညွန့်ကျိုးသွားခဲ့ကြောင်း မုံရွာမီးသတ်ဌာနမှ စုံစမ်းသိရှိရသည်။

“လူနှစ်ယောက်ဒဏ်ရာရလို့ ဆေးရုံတော့တင်ထားရတယ်။ ယာဉ်မောင်ကတော့ ထွက်ပြေးနေတယ်” ဟု အခင်ဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သူ မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးကပြောကြားသည်။
Ref; The Express Times



 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1