Sunday, February 26, 2012

 ဟားဗတ်တက္ကသိုလ် မှ မြန်မာနိုင်ငံတွင် ဆေးပညာသင်ကြား ပေးနိုင်ရန်နှင့် ဆေးကောလိပ် ဖွင့်လှစ်နိုင်ရန် အတွက် ပထမအဆင့် လာရောက်ဆွေးနွေး

November | 2/26/2012 08:05:00 PM | Best Blogger Tips
ဟားဗတ် တက္ကသိုလ်မှ မြန်မာနိုင်ငံတွင် ဆေးပညာ သင်ကြားပေးနိုင်ရန်နှင့် ဆေးကောလိပ် (သို့မဟုတ်) ဆေးတက္ကသိုလ် ဖွင့်လှစ်နိုင်ရန် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊
 မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ပညာရှင်များနှင့် ဇန်န၀ါရီ လကုန်ပိုင်းက ပထမအဆင့် လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲတွင်ပါဝင်သည့်ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင်ခင်က
 ပြောကြားပါသည်။

ယင်းကဲ့သို့ လာရောက်ရာတွင်  မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ၊ ဘတ်ဂျက်ရရှိမှုနှင့် စီမံခန့်ခွဲမှုပုံစံ၊ ကျန်းမာရေး ပညာရှင်များ၏ အရည်အသွေး၊ အစိုးရနှင့် ပုဂ္ဂလိက ဆေးရုံဆေးခန်း များ၏ အခြေအနေ၊ ဆေးတက္ကသိုလ် ကျောင်းများ၏ အရည်အသွေး စသည်တို့ကို အဓိကထား ဆွေးနွေးလေ့လာ သွားကြောင်း သိရပါသည်။
အဆိုပါ ဟားဗတ်တက္ကသိုလ်မှ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ မှ ကြားခံအဖွဲ့တစ်ခုနှင့် ဆက်သွယ်  ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါအဖွဲ့၏ စီစဉ်မှုဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့် တွေ့ဆုံခဲ့ကာ ဆေးပညာ သင်ကြားပေးနိုင်ရန်နှင့် အနာဂတ်တွင် ဆေးကောလိပ်(သို့မဟုတ်) ဆေးတက္ကသိုလ်တစ်ခု တည်ထောင်နိုင်ရန် ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။
“သူတို့ကို မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို မြင်အောင် ကြည့်နိုင်ဖို့နဲ့ အဘက်ဘက်က နိမ့်ကျနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးကို မြှင့်တင်နိုင်တဲ့ အကူအညီ နဲ့ နည်းလမ်းတွေပေးနိုင်ဖို့ အဓိကထား ပြောတယ်။ မြန်မာတွေ နောက်ကကျ ကျန်နေတဲ့ သိပ္ပံနဲ့ နည်းပညာအဆင့် အတန်းကို ကူညီမြှင့်တင်ပေးဖို့ အဓိက ပြောပါတယ်”ဟု ဒေါက်တာ ဒေါ်မြင့်မြင့်ခင်က ပြောကြားပါသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် အစိုးရမှ ဖွင့်လှစ်ထားသော ဆေးတက္ကသိုလ်များမှာ ရန်ကုန် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် ဆေးတက္ကသိုလ်(၂)၊ မန္တလေး ဆေးတက္ကသိုလ်၊ မကွေး ဆေးတက္ကသိုလ်တို့ ဖြစ်ပြီး တစ်နှစ်လျှင် ဆရာဝန် ၂၂၀၀ ဦး ၀န်းကျင် သင်ကြားပေးနေကြောင်း သိရပါသည်။
Ref; EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1