Sunday, February 26, 2012

ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ အဖွဲ့ဝင် ၃၀ ကျော် မန္တလေးမြို့သို့ ရောက်ရှိ

November | 2/26/2012 08:18:00 PM | Best Blogger Tips
 

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင် အပါအ၀င် အဖွဲ့ဝင် ၃၀ ကျော် မန္တလေးမြို့သို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရောက်ရှိနေပြီး လူမှုရေးလုပ်ငန်းများ ကို သုံးရက်ကြာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

၈၈ မျိုးဆက်ကျောင်းသားများ ၏ မန္တလေး ခရီးစဉ်အတွင်း လူမှုရေး ပရဟိတလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံခြင်းများ ပြုလုပ်သွားမည်ဖြစ်ရာ ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးက “ကိုဂျင်မီနဲ့ ကျွန်တော်တို့က ကြိုပြီးရောက်နှင့် နေတာပါ။ ကိုမင်းကိုနိုင် အပါအ၀င် ကိုးဦးက မြစ်ကြီးနားကနေ လာကြတာ။ ကိုလှမျိုးနောင်က ရန်ကုန်ကနေလာတာ။ လူဦးရေစုစုပေါင်း ၃၀ ကျော် ၃၅ ယောက်လောက် ရှိပါမယ်။ ခရီးစဉ်အနေနဲ့ ဒီနေ့ရောက်တာနဲ့ တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက် သွားမယ်။ နောက်ဘ၀ အလင်းဆရာတော်နဲ့တွေ့ပါမယ်။ ၂၆ ရက်နေ့မှာ ရမည်းသင်းနဲ့ မြင်းခြံဘက်သွားပြီး မန္တလေးမှာ ပြန်အိပ်မှာပါ။ ၂၇ ရက် နေ့မှာ မန္တလေးတောင်၊ ဘုရားကြီး၊ ကံတက်ကုန်း၊ မြ၀တီမင်းကြီးကျောင်း တိုက် စတဲ့နေရာတွေ သွားပြီး နေ့ လယ်ပိုင်းမှာ လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေးနဲ့တွေ့ဆုံပါမယ်။ ၂၈ ရက်နေ့မှာတော့ ၃၄ လမ်း ရာပြည့် စာအုပ်ဆိုင်မှာ သတင်းစာရှင်းလင်းပွဲ စာအုပ် အမှတ်တရ လက်မှတ်ထိုး ရောင်းချပွဲလုပ်ပါမယ်။ အဲဒီနေ့ ညနေပိုင်းမှာ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံပွဲကို အိုရီယမ်တယ်လ်ဟောက်စ် မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်”ဟု ပြောကြားခဲ့သည်။
Ref; EMG


No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1