Sunday, February 26, 2012

မတူကွဲပြား​ခြင်း​နဲ့​ငြိမ်း​ချမ်း​ရေး​ပါတီ ​မြေယာကိစ္စ ​ဟော​ပြောခွင့်​ ပိတ်ပင်ခံရ

November | 2/26/2012 08:25:00 PM | Best Blogger Tips
 
 ဦးနေမျိုးဝေ
မတူကွဲပြား​ ခြင်း​နှင့်​ငြိမ်း​ချမ်း​ရေး​ပါတီဟာ လာမယ့်​ ​ဖေ​ဖော်ဝါရီ ၂၉ ရက် မင်္ဂလာဒုံမြို့​နယ်မှာ ကျင်း​ပဖို့​ စီစဉ်ထား​တဲ့​ ​မြေယာနှင့်​ဖွံ့​ဖြိုး​ရေး​ ​ဟော​ပြောပွဲကိုမြို့​နယ် အာဏာပိုင်​တွေရဲ့​ ခွင့်​ပြုချက်မရလို့​ ဖျက်သိမ်း​ ပစ်လိုက်ရတယ်လို့​ ပါတီက ​ပြောပါတယ်။


ဒီ​ဟော​ ပြောပွဲကို ​ရွှေနံသာ​ကျေး​ရွာက ဦး​ကျော်စိန်ရဲ့​ လယ်ကွင်း​ထဲမှာ လူအင်အား​ ၂၀၀ ​လောက်နဲ့​ ကျင်း​ပဖို့​ စီစဉ်ထား​ရာက​နေ မြို့​နယ်​ရွေး​ကောက်ပွဲ ​ကော်မရှင်နဲ့​ မြို့​နယ်ရဲတပ်ဖွဲ့​မှူး​ရုံး​တို့​က ခွင့်​မပြုတဲ့​အတွက် ​ဆွေး​နွေး​ပွဲ ဖျက်သိမ်း​လိုက်ရတာလို့​ မတူကွဲပြား​ခြင်း​နဲ့​ငြိမ်း​ချမ်း​ရေး​ပါတီ ဥက္ကဋ္ဌ ဦး​နေမျိုး​ဝေက ​ပြောပါတယ်။
“သူတို့​က မ​ပေး​ချင်လို့​ကို ​ခေါင်း​စဉ်လိုက်​ရွှေ့​တာလို့​ ယူဆ​နေရတယ်။ ကျ​နော်ပုံမှန်ပါတီ​ဟော ​ပြောပွဲပုံစံ ကျ​နော်​တောင်း​တာပဲ။ အဲဒါကို အဆင့်​ဆင့်​ ​ရွှေ့​သွား​တာ ရဲဆီ​ရောက်သွား​တဲ့​ အခါကျ​တော့​ ကျ​နော်က ငြိမ်း​ချမ်း​စွာ စု​ဝေး​ ​ဟော​ပြော ဆန္ဒ​ဖော်ထုတ်ခွင့်​ထိ ပါလာတယ်။”
မင်္ဂလာဒုံမြို့ ​နယ် ရဲတပ်ဖွဲ့​က​တော့​ ငြိမ်း​ချမ်း​စွာ စု​ဝေး​ခွင့်​နဲ့​ ငြိမ်း​ချမ်း​စွာ စီတန်း​လှည့်​လည်ခွင့်​ဆိုင်ရာ နည်း​ဥပ​ဒေ စည်း​ကမ်း​များ​ မထုတ်ပြန်ရ​သေး​လို့​ ခွင့်​မပြုတာလို့​ အ​ကြောင်း​ပြချက် ထုတ်ပြန်ထား​ပါတယ်။
ဆွေး​နွေး​ ပွဲမှာ ဦး​နေမျိုး​ဝေနဲ့​ လမ်း​ပြကြယ်အဖွဲ့​က ဦး​အေး​မြင့်​တို့​က ​မြေယာနဲ့​ဒေသဖွံ့​ဖြိုး​ရေး​ ဘယ်လို ချိန်ဆပြီး​ လုပ်ကိုင်သင့်​တယ်ဆိုတဲ့​ ကိစ္စ​တွေနဲ့​ လယ်​မြေသိမ်း​ခံရတဲ့​ လယ်သမား​တွေရဲ့​ အ​ရေး​ကိစ္စ​တွေ ​ဟော​ပြောဖို့​ စီစဉ်ထား​ပြီး​ မီဒီယာ​တွေကိုလည်း​ ဖိတ်ကြား​တယ်လို့​ သိရပါတယ်။
ဟော​ပြောပွဲ ပျက်သွား​ပေမယ့်​ သတင်း​မရဘဲ ​ရောက်လာသူ​တွေကို အစား​အစာ​တွေနဲ့​ ဧည့်​ခံသွား​မယ်လို့​ ​ပြောပါတယ်။
မတူကွဲပြား​ ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီဟာ ပြီး​ခဲ့​တဲ့​ ​ဖေ​ဖော်ဝါရီ ၁၄ ရက်​နေ့​တုန်း​ကလည်း​ စီး​တီး​စတား​ဟိုတယ်မှာ ​မြေယာကိစ္စ ​ဟော​ပြောပွဲ ကျင်း​ပစဉ် က​တော့​ ​ရွေး​ကောက်ပွဲ​ကော်မရှင်က ခွင့်​ပြုခဲ့​ပါတယ်။
ခုချိန်မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ လူထု​ဟော​ပြောပွဲ​တွေကို အစိုး​ရက ခွင့်​ပြုထား​ပြီး​ မတူကွဲပြား​ခြင်း​နဲ့​ငြိမ်း​ချမ်း​ရေး​ပါတီရဲ့​ လူထု​ဟော​ပြောပွဲကို ပိတ်ပင်ခံရတဲ့​ အ​ပေါ် ပါတီ ဥက္ကဋ္ဌ ဦး​နေမျိုး​ဝေက ခုလို သုံး​သပ်​ပြောပါတယ်။
“အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်က အစိုး​ရနဲ့​ ပဋိပက္ခဖြစ်တဲ့​ နိုင်ငံ​ရေး​သတင်း​ Message ​တွေ မ​ပေး​သေး​လို့​၊​ ​ပေး​တာနဲ့​ ဖမ်း​ပိတ်မှာ ခုဟာက ဗိုလ်ရှု့​ခံတဲ့​ အဆင့်​အထိပဲ အန်အယ်လ်ဒီက လုပ်​နေတဲ့​ပုံစံမျိုး​ ရှိတယ်။ အဲဒီထက်​ကျော် လာရင်​တော့​ အစိုး​ရက လက်ခံမယ့်​ပုံစံမျိုး​ မ​ပေါ်ဘူး​။ ခုထက်ထိ အရင်အတိုင်း​ပဲ။ ပုံစံနှစ်မျိုး​ မဟုတ်ဘူး​။ ပုံစံတမျိုး​တည်း​ပဲ အန်အယ်လ်ဒီ လူအုပ်ကြီး​က​နေပြီး​တော့​ တခုခု ဘာလုပ်​ပေး​ပါလို့​တောင်း​ဆိုလာပြီဆိုရင် ပြဿနာရှာဦး​မှာပဲ။” 
Ref; DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1