Friday, May 18, 2012

နိုင်ငံရေးအကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးတောင်းဆို

Ever November | 5/18/2012 08:31:00 PM | Best Blogger Tips
မြန်မာနိုင်ငံခြားရေးဝန်ကြီး နဲ့အတူ မနေ့ကကျင်းပခဲ့တဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာအမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟီလာရီကလင်တန်ကကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်လာတာကို 
 တွေ့မြင်ချင်ပါကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ စာရင်းအရ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားပေါင်း (၉၀၀) ကျော် ကျန်ရှိနေပါသေးတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာမြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က ဥရောပသမဂ္ဂ နဲ့ အမေရိကန် ပြည်ထောင်စုတို့ဆီက ရရှိတဲ့ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ စာရင်းမှာ ပါဝင်သူ အများစုကို ပြန်လွှတ်ပေးပြီး ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့သူတွေက တချို့ကတော့ ရာဇ၀တ်မှု၊ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပတ်သက်ခဲ့သူတွေ ဖြစ်ပါတယ်၊ ဒါပေမဲ့ သမ္မတကြီး ဦးသိန်းစိန်က သင့်တော်တဲ့ အချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာပါလို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1