Friday, May 18, 2012

HIV ကူးစက်ခံရသူများအတွက် ‘တကယ်လို့များ’ ဂီတရန်ပုံငွေပွဲအား ပုသိမ်တွင် ကျင်းပမည် ကောင်းမြတ်ဖြိုး ( မြစ်မခ )

Ever November | 5/18/2012 10:08:00 PM | Best Blogger Tips
HIV ကူးစက်ခံနေရသူများ ရန်ပုံငွေပွဲအဖြစ်  ‘တကယ်လို့များ’ Music Concert ဂီတပွဲအား ပုသိမ်မြို့တွင်  Rဇာနည်   အပါအ၀င် နိုင်ငံကျော်အဆိုတော်များဖြင့် မေ(၂၆)တွင် ဖျော်ဖြေသွားမည်ဖြစ်သည်။
အဆိုပါဖျော်ဖြေပွဲတွင် Rဇာနည်၊ လင်းလင်း၊ ဆောင်ဦးလှိုင်၊ လွှမ်းပိုင်၊ ချစ်သူဝေ၊ ချမ်းချမ်း၊ Bobby soxer တို့နှင့်အတူ   အခြားနာမည်ကြီးအဆိုတော်များက ပုသိမ်၊ ပြည်ထောင်စုကွင်း၌ ညနေ(၆း၀၀)နာရီမှ ည(၁၁း၀၀) ထိ ဖျော်ဖြေ သွားမည် ဖြစ်ကြောင်း မေ(၁၈)ရက်နေ့က City Star ဟိုတယ်တွင် ဂရုဏာလရိပ်အဖွဲ့ နှင့် MEEMမှ ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲက သိရှိရသည်။
အဆိုပါ HIV ဝေဒနာရှင်များ ပြုစုစောင့်ရှောက်ရေးနှင့်ကုသရေး ရန်ပုံငွေအတွက် ‘တကယ်လို့များ’ music concert    ပွဲဝင်လက် မှတ်ကို (၂၀)ရက်နေ့တွင် စတင်ရောင်းချမည်ဖြစ်ပြီး ကြိုတင်ဝယ်ယူလျှင် (၄၀၀၀)ကျပ်ဖြစ်ပြီး ပွဲနေ့မှ ၀ယ်လျှင် (၅၀၀၀)ကျပ် ကျသင့်မည် ဖြစ်ကြောင်းနှင့်  ပုသိမ်မြို့တွင်လည်း ၀ယ်ယူရရှိနိုင်ကြောင်း ဂရုဏာလရိပ်အဖွဲ့က သိရသည်။
ထိုကဲ့သို့ရန်ပုံငွေဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ(၂)ရက်နေ့တွင်ရန်ကုန်မြို့ကန်တော်ကြီးမျှော်စင်ကျွန်း၌
ဂရုဏာလရိပ်အဖွဲအပါအ၀င်အဖွဲ့အစည်း(၇)ခုမှပူးပေါင်း၍‘အေးမြမေတ္တာကျန်းမာရေးစောင့်ရှောက်
မှုဖောင်ဒေးရှင်ရန်ပုံငွေပွဲ’ ဟူ၍ ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။
“ကျွန်တော်တို့အဖွဲ့အနေနဲ့အရင်တုန်းက ပြည်ပအဖွဲ့အစည်းတွေကနေHIVပိုးရှိတဲ့လူတွေအတွက် ဆေး
ရတယ်၊   အခုအဲ့ဒီအဖွဲ့တွေကရန်ပုံငွေအကျပ်အတည်းဖြစ်နေလို့ ဆေးပေးမှုကိုရပ်လိုက်တော့ကျွန်တော်
တို့အနေနဲ့  ပြည်တွင်းမှာရန်ပုံငွေရှာရတာပါ”ဟုဂရုဏာလရိပ်အဖွဲ့မှဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက 
 ပြောသည်။
HIV ပိုးကူးစက်ခံနေရသူများမှာ ၂၀၀၈ ခုနှစ်တွင် နှစ်သိန်းသုံးသောင်းရှိခဲ့ရာမှ၊ ၂၀၁၂ ခုနှစ်တွင် နှစ်သိန်း သုံးသောင်းခြောက်ထောင် ရှိလာပြီး ၂၀၁၅ တွင် နှစ်သိန်းလေးသောင်းကျော်ရှိနိုင်ကြောင်းအဆိုပုဂ္ဂိုလ်မှ ဆက်လက်ပြောသည်။
ထိုကဲ့သို့ ပြင်ပအဖွဲ့အစည်းများက  ဆေးပေးမှုရပ်ဆိုင်းခဲ့သောကြောင့် HIV  ပိုးရှိသူများအနေဖြင့် ART ဆေးသုံးစွဲရန် လိုအပ်သူဦးရေမှာ ရှစ်သောင်းကျော်ခန့်ရှိပြီဖြစ်သည်။
“ကျွန်မတို့အနေနဲ့ ဒီ Music Concert ပွဲလေးကို ‘တကယ်လို့များ’ လို့ နာမည်ပေးရတာက ကျွန်မတို့ ဆွေမျိုး ထဲကပဲဖြစ်ဖြစ်၊   ကျွန်မတို့ကိုယ်တိုင်ပဲဖြစ်ဖြစ် တကယ်လို့များ HIV ပိုးရှိခဲ့ရင် ဆိုပြီး ဒီပွဲလေးကို အဲ့ဒီနာမည်ပေးတာပါ” ဟု MEEM ကုမ္ပဏီမှ ဒါရိုက်တာ မပပစိုးက ပြောသည်။
ကောင်းမြတ်ဖြိုး ( မြစ်မခ )

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1