Friday, May 18, 2012

ရတနာပုံ Call Centre မှ နေ့စဉ် ငွေလဲလှယ် နှုန်းများကို အခမဲ့ ပို့ပေး

Ever November | 5/18/2012 10:21:00 PM | Best Blogger Tips
ငွေကြေး ဆိုင်ရာ လဲလှယ်နှုန်း တွေကို နှုန်းရှင် သတ်မှတ် ပေးမှုအပေါ် ကြိုဆိုတဲ့ အနေနဲ့ ရတနာပုံ Call Centre ကနေ နေ့စဉ် ငွေလဲလှယ်နှုန်း တွေကိုမိုဘိုင်းဖုန်း များထဲသို့ အခမဲ့ ပို့ပေးလျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ပေးပို့လျက် ရှိရာမှာ Call Centre ရဲ့အသင်းဝင် တွေကိုသာ နေ့စဉ် ပေးပို့လျက် ရှိတာ ဖြစ်ပါတယ်။ အခုလို နေ့စဉ် ငွေလဲလှယ် နှုန်းတွေကို မိုဘိုင်းဖုန်း တွေထံ ပေးပို့ပေးတာကို ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစတင်ဝန်ဆောင်မှု ပေးခဲ့တာ ဖြစ်ပြီးလက်ရှိမှာတော့ ငွေဈေးနှုန်း တွေကို နေ့စဉ် ပေး
ပို့ပေးရတဲ့ အသင်းဝင် တစ်သောင်း ကျော်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Call Centre မှာ အသင်းဝင် ချင်သူတွေ အနေနဲ့ ရတနာပုံ Call Centre ဖုန်းနံပါတ် ၁၈၇၆ကို ဆက်ကာ အသင်းဝင် လိုသူရဲ့ အမည်၊ နေရပ် လိပ်စာ၊ ဖုန်းနံပါတ် အစရှိတဲ့ Profile ကို ပေးသွင်းကာ အသင်းဝင် နိုင်ပါတယ်။အသင်းဝင် ဖြစ်ပြီဆိုရင်တော့မိမိတို့ရဲ့ဖုန်းတွေကို နေ့စဉ် ပြောင်းလဲနေတဲ့
 ငွေဈေးနှုန်း တွေကို ပေးပို့ ပေးမယ့် အပြင် အဆိုပါ အသင်းဝင် တွေထဲက လစဉ် ကံထူးရှင် တစ်ယောက်ကို ရွေးချယ် ပြီးတော့လည်း i Pad3 များကို လက်ဆောင် ပေးအပ် သွားမယ်လို့ သိရပါတယ်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1