Friday, May 18, 2012

အနောက် အုပ်စုတို့ အပေါ် အလျှင်စလို စစ်ပွဲများနှင့် ပတ်သက်ပြီး ရုရှား သတိပေး

Ever November | 5/18/2012 09:52:00 PM | Best Blogger Tips
ရုရှား ဝန်ကြီးချုပ် ဒမိထရီမက်ဒ်ဗီးဒက်ဗ်မှာ အနောက် နိုင်ငံများ အပေါ် အလျှင်စလို ပြုမှုနေသည့်  စစ်ပွဲများနှင့် ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်လိုက်ပြီ ဖြစ်ကာ ယင်းမှတစ်ဆင် ဒေသတွင်း တင်းမာမှုများ တိုးလာစေမည် ဖြစ်ပြီး နှုကလိယ စစ်ပွဲကိုပင် ဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

အချို့သော အချိန်များတွင် စစ်ရေးအရ လုပ်ဆောင်ချက်များမှာ နိုင်ငံတစ်ခု၏ အချုပ်အခြာ အာဏာကို လျော့ပါးစေကာ ဒေသတွင်း အပြည့်အဝ စစ်ပွဲ တစ်ခု အဖြစ်သို့ ရောက်စေနိုင်ကြောင်းနှင့် မိမိ အနေဖြင့် မည်သူ့ကိုမျှ ခြိမ်းခြောက်လိုခြင်း မဟုတ်ဘဲ နောက်ဆုံး အနေဖြင့် နှုကလိယ လက်နက်များကို သုံးစွဲစေနိုင်သည့် အခြေသို့ ဆိုက်ရောက်စေမည် ဖြစ်သည်ဟု ကြာသပတေး နေ့က Saint Petersburg တွင် ပြုလုပ်သည့် တရားဝင် ဆွေးနွေးပွဲ အတွင်းတွင် ပြောကြားခဲ့ မှုကို AFP သတင်းတွင် ကိုးကား ဖော်ပြခဲ့သည်။

အမေရိကန် ရှေ့နေချုပ် Eric Holder နှင့် အခြားသော နိုင်ငံတကာမှ ထိပ်တန်း ကိုယ်စားလှယ်များ ပါဝင်သည့် ပညာရှင်များမှာ ယင်းဆွေးနွေးပွဲ အတွင်း မိန့်ခွန်းများ အသီးသီး ပြောကြား သွားခဲ့သည်။ ရုရှား နိုင်ငံမှာ ဆီးရီးယားတွင် လက်ရှိ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ အရေးနှင့် ပတ်သက်ပြီး ရပ်တန့်ရန်နှင့် ပတ်သက်၍ အနောက်နိုင်ငံများနှင့် သဘောထား တိုက်ဆိုင်ခြင်း မရှိဘဲ မညီမညွတ် ဖြစ်နေခြင်း ဖြစ်သည်။ မော်စကိုနှင့် ဘေဂျင်းတို့မှာ ဆီးရီးယား အရေးနှင့် ပတ်သက်ပြီး ဖြေရှင်းရန် အကြံ နှစ်ခုကို ပယ်ချခဲ့ပြီး ဖြစ်ကာ ဆီးရီးယား အရေးနှင့် ပတ်သက်ပြီး နိုင်ငံရေး အရ တွေဆုံ ဆွေးနွေးမှုဖြင့်သာ ဖြေရှင်းနိုင်မည် ဖြစ်သည်ဟု ယုံကြည်ထားကြသည်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1