Friday, May 18, 2012

E-Visa အမျိုးအစားများ ထဲမှ Tourist Visa ကို နိုင်ငံတော် သမ္မတရုံးမှ ခွင့်ပြုခဲ့

Ever November | 5/18/2012 09:09:00 PM | Best Blogger Tips

နိုင်ငံခြား ဧည့်သည်နဲ့ ကမ္ဘာလှည့် ခရီးသည်များ အဆင်ပြေ လွယ်ကူစေရေး အတွက် အခြား နိုင်ငံများ နည်းတူ Online System တစ်ခု အနေနဲ့ E-Visa စနစ်ကိုစမ်းသပ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီလို စမ်းသပ် လုပ်ဆောင်ဖို့ အတွက် Tourist Visa ကို စတင် စမ်းသပ် ဆောင်ရွက်ဖို့ နိုင်ငံတော် သမ္မတရုံးမှ ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ယခုလို မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးသွား များကို လုံခြုံမှု အရ ကြိုတင် စစ်ဆေး ကြည့်ရှုပြီးမှ ခွင့်ပြု ပေးတဲ့ အီလက်ထရောနစ် အခြေခံ ပြည်ဝင်ခွင့် ဗီဇာ ပုံစံဖြစ်တဲ့ E-Visa ကို ဆောင်ရွက်ရာမှာ အဆင့် ၄ ဆင့် သတ်မှတ်ကာ တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမှာလည်း ဖြစ်ပါတယ်။

အဲ့ဒီ အဆင့်တွေ ထဲက ပထမ အဆင့် အနေနဲ့ ကမ္ဘာလှည့် ခရီးသည် ဗီဇာ Tourist Visa ကို စတင် စမ်းသပ် လုပ်ကိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ဒုတိယ အဆင့် လုပ်ငန်း ဗီဇာ Business Visa ၊ တတိယ အဆင့် လူမှုရေး ဗီဇာ Social Visa နဲ့ စတုတ္ထ အဆင့် အခြားဗီဇာ Other Visa စတာတွေကို အဆင့်ဆင့် စမ်းသပ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီလို စမ်းသပ် ဆောင်ရွက်မှု အတွက် နိုင်ငံခြား ဧည့်သည်များ ၀င်ရောက်မှု အဆင်ပြေ လွယ်ကူရေး ကော်မတီကို ဖွဲ့စည်း ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ဖွဲ့စည်း ထားတဲ့ ကော်မတီ ထဲမှာ ပြည်ထဲရေး ၀န်ကြီးဌာန (သတင်းတပ်ဖွဲ့) ၊ နိုင်ငံခြားရေး ၀န်ကြီး ဌာန၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီး ဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီး ဌာန၊ ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ၀န်ကြီး ဌာနတို့ ပါဝင်တာ ဖြစ်ပါတယ်။ ဒီလို E-Visa စနစ် ဆောင်ရွက်ဖို့ ကိုတော့ Myanmar Ease Net ကုမ္ပဏီကို တာဝန် ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1