Friday, May 18, 2012

စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းဈေး(ခေါ်) ဂွဈေး မီးလောင်၊ ကျပ် ၃၄၉.၅ သိန်းခန့် ဆုံးရှုံး

Ever November | 5/18/2012 08:28:00 PM | Best Blogger Tips

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းရှိ ဆိုင်ခန်းပေါင်း (၃၁၈)ဆိုင်ရှိသော ဂွဈေး မီးလောင်ကျွမ်းမှု   ကြောင့်   ဆိုင်ခန်းပေါင်း (၂၃၃)ခန်းလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။ အဆိုပါလောင်ကျွမ်းမှုတွင် မီးသတ်ရဲဘော်(၄)ဦး ဒဏ်ရာရရှိခဲ့သည်။
 
ဖြစ်စဉ်မှာ ဈေးအိမ်သာအနီး ဒေါ်အေသန်းဆိုင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး၊ အဆိုပါ မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၂၃၃ ခန်း (ကာလတန်ဖိုး ကျပ် ၃၄၉.၅ သိန်း)ဆုံးရှုံးခဲ့ပြီး သားငါးတန်းရှိ ဆိုင်ခန်း (၈၅)ခန်းသာ မီးဘေးလွတ်ခဲ့ကြောင်း တိုင်းမီးသတ်ဦးစီဋ္ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
 
 အဆိုပါမီးလောင်ကျွမ်းမှုမှာ နံနက်(၁)ကျော်မှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက်(၄)နာရီကျော်မှ မီးညွှန့်ကျိုးခဲ့ကြောင်း   တွေ့ရှိရသည်။ အဆိုပါနေရာသို့ မီးသတ်ကားအစီး(၈၀)ကျော် လာရောက်ငြိမ်းသတ် ခဲ့ကြောင်းကိုလည်း သိရသည်။
 
‘မီးက တစ်နာရီလောက်ကစလောင်တာ တစ်ဈေးလုံးနီးပါး လောင်နေတယ်၊တော်တော်နဲ့ငြိမ်းမယ် မထင်ဘူး၊ မီးတောက်ကကြီးတယ်’ဟု စမ်းချောင်းမြို့နယ်က မျက်မြင်သက်သေ ကိုနေလင်းကဆိုသည်။
 
အဆိုပါမီးလောာင်ကျွမ်းမှုမှာ ရှို့မီးဖြစ်နိုင်ကြောင်းကိုလည်း ပတ်ဝန်က ယူဆပြောဆိုလျက်ရှိကြောင်းကိုလည်း စမ်းချောင်းသားများထံက သိရှိရသည်။
 
အဆိုပါဈေးတည်ရှိနေသည်မှာ နှစ်(၅၀)ကျော်ကြာတည်ရှိပြီဖြစ်ကြောင်း၊ ယခင်က(၈)ထပ်ဈေး အဖြစ်ဆောက်လုပ်မည်ဟု သတင်း ထွက်ပေါ်ခဲ့ကြောင်းကိုလည်း  အဆိုပါဈေးရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦး၏ ပြောဆိုမှုအရ သိရသည်ဆိုသည်။ 
ထွန်းနေအောင်-(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1