Friday, May 18, 2012

FTTX စနစ်အား အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်

Ever November | 5/18/2012 08:34:00 PM | Best Blogger Tips
 

FTTXစနစ်ဖိုင်ဘာကေဘယ်စနစ်၏ကနဦးတပ်ဆင်ခများအားအရစ်ကျစနစ်ဖြင့်စတင်ရောင်းချ ပေးမည်
ဖြစ်ကြောင်းနှင့် တပ်ဆင်မည့် မြို့နယ်များကိုလည်း တိုးချဲ့သွားမည်ဖြစ်ကြောင်း Fortune International ကုမ္ပဏီက တာဝန်ရှသူတစ်ဦးက ဆိုသည်
 
မေလထဲတွင်  အရစ်ကျစနစ်အား  စတင်ဆောင်ရွက်ရန်ရှိပြီး အသုံးပြုသည့်အခါတွင်လည်း လက်ရှိ ဝန်ဆောင်မှုပေးနေသော   မြို့နယ်တွေသာမကဘဲ  မြို့နယ်များ ထပ်မံ၍တိုးချဲ့သွားမည် ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။
 
 ကျွန်တော်တို အဓိကတော့ ဒီစနစ်ကို တပ်ဆင်ချင်သူတွေ ငွေကို လုံးခနဲ ပေးစရာ မလိုဘဲလွယ် လွယ်ကူကူ တပ်ဆင်နိုင်အောင်   ဆောင်ရွက်ပေးတာပါ ” ဟု Fortune International  ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ပြည်တွင်း၌ အင်တာနက် ဝန်ဆောင်မှုပေးသည့် စနစ်များမှာ Wimax, Sky Net (MPS), FTTX, ADSL (YPT) စသည့် စနစ်များ ရရှိချိန်တွင် Wimax စနစ်အား ဘဏ်များနှင့် ချိတ်ဆက်၍ အရစ်ကျ ဝန်ဆောင်မှုကို စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အရစ်ကျရောင်းချပေးသည့် အင်တာနက် ဝန်ဆောင်မှု(၂)ခု ရှိလာပြီ ဖြစ်သည်။
 
“ ရောင်းချပေးတာတော့ကောင်ပါတယ်၊ ငွေကို လုံးခနဲ မပေးနိုင်တဲသူတွေအတွက်၊ ဒါပေမဲ လစဉ် ကြေးနှစ်စဉ်ကြေးတွေကို လျှော့ချပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ ” ဟု လှည်းတန်းရှိ Update Internet ဆိုင်ရှိ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
FTTX အရစ်ကျစနစ်တွင်  (၇) လ ပေးသွင်းမည်ဖြစ်ပြီး ပထမလတွင် ကျပ်- ၃၅၀၀၀၀ ပေးသွင်းရမည် ဖြစ်သည်။ တစ်လခြင်းစီအား ကျပ် (၇၀၀၀၀) စီ ပေးသွင်းရမည်ဖြစ်သည်။
 
FTTX အတွက် နှစ်စဉ်ကြေးမှာ  တစ်နှစ်လျင် ကျပ် (၆၀၀၀၀)သောင်း ဖြစ်သည်။ လစဉ်ကြေးနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ ဆိုသည်။
 
 “လစဉ်ကြေးကိုတော့ ကျွန်မတိုက  megabyte ပေါ်မှာကြည့် ပြီး ယူရတာဖြစ်တယ်” ဟု Fortune International  ကုမ္ပဏီတစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
လက်ရှိတွင် ရန်ကုန်မြို့ရှိ  FTTX စနစ်အား ဝန်ဆောင်မှု ပေးထားသည့် မြို့နယ်များမှာ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ အလုံ၊ ဒဂုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်နှင့် ဗဟန်းမြို့နယ်များ ဖြစ်ပြီး ယင်းမြို့နယ်များမှစ၍ အရစ်ကျစနစ်ကို စတင်ဆောင်ရွက်ပေးမည် ဖြစ်သည်။
ဥာဏ်ဥာဏ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1