Friday, May 18, 2012

၂၀၁၅ တွင် HIV ကူးစက်ခံရသူဦးရေ ၂ % တိုးလာဖွယ်ရှိဟု ပညာရှင်များသုံးသပ်

Ever November | 5/18/2012 08:47:00 PM | Best Blogger Tips
၂၀၁၅ ခုနှစ်တွင် HIV ကူးစက်ခံနေရသူများမှာ ယခုနှစ်ကထက် ၂ % တိုးလာဖွယ်ရှိသူဟု  မေလ(၁၈)ရက်နေ့ မနက်(၁၀း၀၀)နာရီ City Star ဟိုတယ် ပြုလုပ်သည့် “တကယ်လို့များ” Music Concert စာနယ်ဇင်းရှင်းလင်း ပွဲက သိရှိရသည်။
 
မြန်မာနိုင်ငံတွင် HIV ပိုးရှိသူလူဦးရေမှာ ၂၀၀၈ ခုနှစ်တွင် နှစ်သိန်းသုံးသောင်းရှိရာမှ ၂၀၁၂ ခုနှစ်တွင် နှစ်သိန်း သုံးသောင်း   ခြောက်ထောင် ရှိလာခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် နှစ်သိန်းလေးသောင်းကျော်လာနိုင် ကြောင်းကို ဂရုဏာလရိပ်အဖွဲ ဥက္ကဌ ခွဲစိတ်ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ဆိုသည်။
 
“၂၀၀၈ ခုနှစ်မှာ ၂၃၀၀၀၀ ရှိရာကနေ ၂၀၁၅ ဆိုရင် ၂၄၀၀၀၀ ကျော်မဲ့အနေအထားမှာရှိနေပြီလို့ သုံးသပ် တဲ့လူတွေ ကပြောပါတယ်၊ ဒါတောင်စာရင်းမရှိဘဲ HIV ပိုး ရှိတဲ့ လူဘယ်နှစ်ယောက်တောင် ရှိနေဦးမလဲ မသိပါဘူး” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
 
ယခုအချိန်တွင် HIV ပိုးကူးစက်ခံနေရသူများ တဖြည်းဖြည်းနှင့်များလာသော်လည်း ပြည်ပမှ ဆေးလှူနေသော အဖွဲ့များက   ဆေးဝါးပေးဝေမှု ရပ်တန့်လိုက်သောကြောင့် ပြည်တွင်းရှိ HIV ပိုးကူးစက်ခံနေရသူများ ဆေးပြတ်တောက်လျက်ရှိကြောင်း သိရသည်။
 
ပြည်တွင်းသို့ ဆေးပေးနေသော 3D fund နှင့် Global fund တို့က ရန်ပုံငွေအခက်အခဲကြောင့် မြန်မာပြည်တွင်း သို့ HIV   ကာကွယ်ဆေးပေးဝေမှုအား  ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။
 
ထိုကဲ့သို့ပြတ်တောက်မှုများကြောင့် ပြည်တွင်း၌ ဆေးလိုအပ်လျက်ရှိရာ NGO အဖွဲ့အစည်းတစ်ခုဖြစ်သော “ဂရုဏာလရိပ်”မှ   ပြည်တွင်း၌ အလှူငွေရှာရန်အတွက် “တကယ်လို့များ” Music Concert စာနယ်ဇင်း ရှင်းလင်းပွဲအား  ပြုလုပ်၍ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲပြုလုပ်မည်ဖြစ်သည်။
 
HIV ကိစ္စရပ်များနှင့်ပတ်သက်၍ ဒေါက်တာစိုင်းမောက်ခမ်းက မေ(၁၇)တွင် အာရှနှင် ပစိဖိတ်ဒေသ HIV၊ AIDS ဆိုင်ရာ အထူးကိုယ်စားလှယ် Dr.Nafis Sadik ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး ထိုရောဂါများနှင့်ပတ်သက်၍သတင်း အချက်အလက် အပြန်အလှန်မျှဝေရေး၊ နည်းပညာကျွမ်းကျွင်မှု ဆိုင်ရာ အကူအညီများ ရရှိရေးနှင့် ကျန်းမာရေး ကဏ္ဍတွင် လိုအပ်သည့် ဥပဒေရေးရာဆိုင်ရာ   ပြင်ဆင်ဆောင်ရွက်မှု များအား   ဆွေးနွေးခဲ့ကြောင်းကို နိုင်ငံတော်သမ္မတ၀ဘ်ဆိုဒ် (www.president-office.gov.mm) တွင်ဖော်ပြထားသည်။
ကောင်းမြတ်ဖြိုး ( မြစ်မခ )

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1