မြန်မာနိုင်ငံက
 အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် အာဆီယံဆူဇူကီး ဖလားခြေစစ်ပွဲ ကို 
အောက်တိုဘာ ၅ ရက်မှစတင်၍  ရန်ကုန်မြို့  သုဝဏ္ဏ အားကစားပြိုင်ဝင်းတွင် 
ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲသို့
 အိမ်ရှင်မြန်မာအသင်းနှင့် အတူ လာအို၊ အရှေ့တီမော၊ ဘရူနိုင်း၊ 
ကမ္ဘောဒီးယားအသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ရာ အောက်တိုဘာ ၅ ရက် ညနေ ၃
 နာရီတွင် ကမ္ဘောဒီးယား နှင့် အရှေ့တီမော၊ ညနေ ၆ နာရီတွင် မြန်မာနှင့် 
ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။ အောက်တို ဘာ ၇ ရက် ညနေ ၃ 
နာရီတွင် မြန်မာ နှင့်အရှေ့တီမော၊ ညနေ ၆ နာရီတွင် လာအိုနှင့် 
ကမ္ဘောဒီးယားတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။ အောက်တို ဘာ  ၉ ရက် ညနေ ၃ 
နာရီ တွင် ကမ္ဘောဒီးယားနှင့်ဘရူနိုင်း၊  ညနေ ၆ နာရီတွင်  အရှေ့တီမောနှင့် 
လာအို     တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အောက်တိုဘာ ၁၁ ရက် ညနေ ၃ နာရီ 
တွင်  ဘရူနိုင်းနှင့်လာအို၊  ညနေ ၆ နာရီတွင် မြန်မာနှင့် ကမ္ဘောဒီးယားတို့ 
ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
 
 အောက်တိုဘာ ၁၃ ရက် ညနေ ၃ နာရီ တွင် 
မြန်မာနှင့် လာအို၊ ညနေ ၆ နာရီ တွင်  ဘရူနိုင်းနှင့် အရှေ့တီမောတို့ 
ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ ယင်းခြေစစ်ပွဲမှ အမှတ်အများဆုံး ရရှိသည့် 
အသင်းနှစ်သင်းသည် နောက် ဆုံးအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် 
ခွင့်ရရှိမည်ဖြစ်သည်။
 
 နောက်ဆုံးအဆင့် ပြိုင်ပွဲများကို နိုဝင်ဘာ ၂၄ ရက်မှ ဒီဇင် ဘာ ၂၂ ရက်အထိ 
ကျင်းပမည်ဖြစ် ကြောင်း သိရသည်။ မြန်မာအသင်း သည် ဆူဇူကီးဖလားခြေစစ်ပွဲအတွက် 
ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဂျပန်နိုင်ငံတွင် ခြေစမ်းပွဲများ 
သွားရောက်ကစားခဲ့ ပြီး  လေ့ကျင့်မှုများ  ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
 
 
မြ၀တီ 
အောက်တိုဘာ ၁၃ ရက် ညနေ ၃ နာရီ တွင် မြန်မာနှင့် လာအို၊ ညနေ ၆ နာရီ တွင် ဘရူနိုင်းနှင့် အရှေ့တီမောတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ ယင်းခြေစစ်ပွဲမှ အမှတ်အများဆုံး ရရှိသည့် အသင်းနှစ်သင်းသည် နောက် ဆုံးအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိမည်ဖြစ်သည်။
နောက်ဆုံးအဆင့် ပြိုင်ပွဲများကို နိုဝင်ဘာ ၂၄ ရက်မှ ဒီဇင် ဘာ ၂၂ ရက်အထိ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။ မြန်မာအသင်း သည် ဆူဇူကီးဖလားခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဂျပန်နိုင်ငံတွင် ခြေစမ်းပွဲများ သွားရောက်ကစားခဲ့ ပြီး လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။


No comments:
Post a Comment