Wednesday, October 3, 2012

မြန်မာ အပါအ၀င်(၁၈)နိုင်ငံက အင်တာနက်ဆက်ကြောင်းသစ်အတွက် ကြိုးပမ်းဆဲ

Ever November | 10/03/2012 03:09:00 PM | Best Blogger Tips

အင်တာနက်SEMEWE5ဆက်ကြောင်းသစ်ချိတ်ဆက်အသုံးပြုနိုင်ရန်သဘောတူညီစာချုပ်အား မြန်မာနိုင်ငံအ
ပါအ၀င်နိုင်ငံပေါင်း (၁၈)နိုင်ငံက စာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းနေကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနက သိရှိရသည်။
 
စင်ကာပူနိုင်ငံမှ ကမကထပြုလုပ်ဆောင်ရွက်သည့် SE ME WE 5 အား ချိတ်ဆက်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။
 
မြန်မာနိုင်ငံအင်တာနက်စနစ်တွင် အဓိကအားထား အသုံးပြုနေရသော SE ME WE 3 အင်တာနေရှင်နယ်ဆက်ကြောင်းမှာ သက်တမ်း (၂၀)ကျော်ကြာမြင့်ပြီးဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
SE ME WE 3 ဆက်ကြောင်းသည် နိုင်ငံပေါင်း (၃၄)နိုင်ငံကို မှီခိုအသုံးပြုနေသည့်ဆက်ကြောင်း တစ်ခုဖြစ်သည့်အပြင် သက်တမ်းအနေဖြင့်လည်းကြာမြင့်ခဲ့ပြီဖြစ်သည်။
 
 “SE ME WE 3 ရဲ့ သက်တမ်းဟာ (၂၀) နှစ် လောက် ဖြစ်သွားပါပြီ။ ဒီ SE ME WE 3 က အာမခံချက် ပေးတာကတော့ နှစ် ၃၀ ၊ ၃၅ နှစ် လောက်ပဲ ပေးထားတာပါ ” ဟု မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
 မြန်မာနိုင်ငံ၏ အင်တာနက် Bandwidth သည် စတင်ချိတ်ဆက် အသုံးပြုခါစက 45Mbps သာရှိခဲ့သော်လည်း ယခုအခါ၌ 14 GB အထိ ရှိလာခဲ့ပြီဖြစ်သည်။
 
ယခင်က စင်ကာပူ၊ ဟောင်ကောင်နှင့် အရှေ့နိုင်ငံများမှသာ အင်တာနက်ဆက်ကြောင်းများကို ချိတ်ဆက် အသုံးပြုခဲ့သော်လည်း ယခုအခါ၌ ကမ္ဘာအနောက်ဘက်ခြမ်းမှ လာရောက်သည့် ဆက်ကြောင်းသစ်များနှင့်လည်း ချိတ်ဆက်အသုံးပြုလျက်ရှိကြောင်း သိရသည်။
 
ဆက်ကြောင်းသစ်များနှင့် ချိတ်ဆက်နိုင်ရန် မြန်မာ့ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန အနေဖြင့် လွန်ခဲ့သော ၂၀၁၁ ခုနှစ် ကတည်းက စီစဉ်ဆောင်ရွက်လာခဲ့ခြင်းဖြစ်သော်လည်း ယနေ့ အချိန်အထိ ဆောင်ရွက်နေရဆဲဖြစ်သည်။
ဉာဏ်ဉာဏ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1