Wednesday, October 3, 2012

မြန်မာ့ ယဉ်ကျေးမှုနှင့်အညီ ရင်းနှီးနွေးထွေးသော မိသားစု ဘဝများဆီ

Ever November | 10/03/2012 03:28:00 PM | Best Blogger Tips

ပရိသတ်တွေရဲ့အချစ်တော် မင်းသားတစ် ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေတုန်း က လည်း အနုပညာ ဘက်ကို အကောင်းဆုံးဖြစ် အောင် လုပ်ဆောင်ပြီး မိသားစုဘက်ကိုလည်း မလစ်ဟင်း ရအောင် အချိန်ပေးဖြစ်ခဲ့သလို အနုပညာဘက်က နေ စီးပွားရေးဘက်ကို ခြေလှမ်း ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်လာတဲ့အခါမှာလည်း စီးပွားရေး ကိစ္စတွေနဲ့ ခရီးတွေ ထွက် မအားလပ်တဲ့ ကြားထဲကနေ ကိုယ့်မိသားစုရဲ့ လို အပ်ချက်တွေကို အိမ်ထောင်ဦးစီး တစ်ယောက် အနေနဲ့ ဖြည့် ဆည်းပေးခဲ့တဲ့သူကတော့ အကယ်ဒမီ လွင်မိုးပါပဲ။ ဒီလို သာယာအေးချမ်းစွာနဲ့ မိသားစုဘဝလေး ကို တည်ဆောက် လာခဲ့တာ အခုဆိုရင် ဇနီး၊ သမီး နှစ်ယောက်နဲ့အတူ အိမ်ထောင်သက် တမ်း ၁၅ နှစ် တာကာလထဲတောင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီ ၁၅ နှစ်အတွင်းမှာ အိမ်ထောင်ဦးစီး တစ်ဦးအနေနဲ့ မိသားစုကို သာယာအေး ချမ်းအောင် ပြုစုပျိုး ထောင်လာခဲ့မှုတွေ၊ သမီး ၂ ယောက်ကို လိမ္မာယဉ် ကျေးအောင် သင်ကြားပြသပေးမှုတွေနဲ့ သမီးနှစ် ယောက်အတွက် ပညာရေး စီမံကိန်းတွေ၊ တိုး တက်လာတဲ့ ITခေတ်ကြီးမှာ လမ်းမှားမရောက် အောင် ခေတ်ကာလနဲ့ အညီဆုံးမပဲ့ပြင်မှုတွေကို သိရဖို့ အတွက် အိမ်ထောင်ဦးစီးဖြစ်သူ လွင်မိုးရဲ့ ပြော ပြမှုတွေ နဲ့ အတူ ဇနီးဖြစ်သူ မမေသူ၊ သမီးကြီး ယွန်း ဝတီလွင်မိုး၊ သမီးငယ် ယွန်းနန္ဒီလွင်မိုး တို့ရဲ့ ကြည် နူး ဖွယ်မိသားစု ပုံရိပ်လေးတွေ ကိုဖော်ပြလိုက်ရပါတယ်။ 
မေမွန်မောင်
Popular News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1