ရခိုင်ပြည်နယ်ရှိ
 ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်နိုင်ရန် ဥာဏ်တော် ၄ လက်မ အမြင့်ရှိ 
ဗုဒ္ဓရုပ်ပွားတော် ၂ဝ၁၅  ဆူကို အောက်တိုဘာ ၃ ရက်မှ စတင်ပင့်ဆောင် 
လှူဒါန်းနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ဘေးဒုက္ခ ကယ်ဆယ်ရေးကော်မတီမှ 
သိရသည်။ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွား ခဲ့သည့် ပဋိပက္ခများကြောင့် 
ပျက်စီး ခဲ့ရသော ရခိုင်အိမ်များမှ ဗုဒ္ဓဆင်း တုတော်များအစား 
လှူဒါန်းခြင်းဖြစ် ပြီး ဗုဒ္ဓဘာသာ ထွန်းကားရေး အတွက်လည်း ရည်ရွယ်ကြောင်း 
သိရသည်။
 	အဆိုပါ ရုပ်ပွားတော်များကို ရသေ့တောင်၊ ဘူးသီးတောင်နှ င့် 
မောင်တောတို့သို့ ပင့်ဆောင်သွား မည်ဖြစ်ပြီး မြို့နယ်အသီးသီးမှ 
တာဝန်ခံနိုင်မည့်သူများထံတွင် ရုပ် ပွားတော်များကို ထားရှိမည်ဖြစ် ကြောင်း၊
လှူဒါန်းသွားမည် ဖြစ် ကြောင်း ရခိုင်ပြည်နယ် ဘေး ဒုက္ခ ကယ်ဆယ်ရေးကော်မတီမှ 
တာဝန် ရှိသူတစ်ဦးက ပြောသည်။
 ''မောင်တော အစပ်လိုမျိုး နည်းနည်းဝေးတဲ့ နေရာတွေပေါ့။ လက်လှမ်း မမီတဲ့နေရာတွေထိ အရောက်ပို့ပေး မှာ'' ဟု အထက် ပါတာဝန်ရှိသူက ပြောသည်။
 အဆိုပါ ရုပ်ပွားတော် နှစ် ထောင်ကျော်ကို မြောင်းမြမှ အလှူ ရှင်များက 
လာရောက်လှူ ဒါန်းကြ ခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင် မည်သူမ ဆို 
ဗုဒ္ဓဆင်းတုတော်များကို ကိုး ကွယ်လိုလျှင်လာရောက်ပင့် ဆောင်နိုင်ကြောင်း 
သိရသည်။
 စစ်တွေမြို့ ပညာလင်္ကာရ ကျောင်းတိုက်၌ ကိုးကွယ်ထားသော 
ဗုဒ္ဓဆင်း တုတော်များအား  အောက် တိုဘာ ၂ ရက်တွင်  သိက္ခာထပ်၊ 
အနေကဇာတင်ခြင်းကို ပြုလုပ် ခဲ့ပြီး ၃ ရက်နေ့တွင် စတင် ပင့် ဆောင် 
လှူဒါန်းေ နပြီဖြစ်ကြောင်း သိရသည်။
 လက်ရှိတွင် ရခိုင်ပြည်နယ် အတွင်း မြို့နယ်များတွင် ဘုရား များ လိုအပ်လျက်ရှိကြောင်း အဆို ပါတာဝန်ရှိ သူထံမှ သိရသည်။
Popular Myanmar News Journal 
''မောင်တော အစပ်လိုမျိုး နည်းနည်းဝေးတဲ့ နေရာတွေပေါ့။ လက်လှမ်း မမီတဲ့နေရာတွေထိ အရောက်ပို့ပေး မှာ'' ဟု အထက် ပါတာဝန်ရှိသူက ပြောသည်။
အဆိုပါ ရုပ်ပွားတော် နှစ် ထောင်ကျော်ကို မြောင်းမြမှ အလှူ ရှင်များက လာရောက်လှူ ဒါန်းကြ ခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင် မည်သူမ ဆို ဗုဒ္ဓဆင်းတုတော်များကို ကိုး ကွယ်လိုလျှင်လာရောက်ပင့် ဆောင်နိုင်ကြောင်း သိရသည်။
စစ်တွေမြို့ ပညာလင်္ကာရ ကျောင်းတိုက်၌ ကိုးကွယ်ထားသော ဗုဒ္ဓဆင်း တုတော်များအား အောက် တိုဘာ ၂ ရက်တွင် သိက္ခာထပ်၊ အနေကဇာတင်ခြင်းကို ပြုလုပ် ခဲ့ပြီး ၃ ရက်နေ့တွင် စတင် ပင့် ဆောင် လှူဒါန်းေ နပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် အတွင်း မြို့နယ်များတွင် ဘုရား များ လိုအပ်လျက်ရှိကြောင်း အဆို ပါတာဝန်ရှိ သူထံမှ သိရသည်။
No comments:
Post a Comment