ဘဏ်လုပ်ငန်း၊ စတော့လုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မည့် အင်္ဂလန်နိုင်ငံ Charterred Institute for Securities and Investment မှ အသိအမှတ်ပြု စီးပွားရေးဒီပလိုမာသင်တန်းအား စင်္ကာပူနိုင်ငံတွင် တက်ရောက် သင်ကြားတော့  မည်ဖြစ်သည်။
	ပြည်တွင်း၌
 မကြာမီဖွံ့ဖြိုးတိုးတက်လာတော့မည့် ဘဏ်လုပ်ငန်းစုကြီးများတွင် 
အသက်မွေးဝမ်း ကြောင်းပြုလိုသည့် လူငယ်များအတွက် The Diploma in Banking, 
Securities and Investment Management ဘာသာရပ်များအား စင်င်္ကာပူရှိ Kaplan 
Higher Education Academyတွင် လေ့လာသင်ယူနိုင်ကြောင်း သိရှိရသည်။
	“လာမယ့်အောက်တိုဘာ(၂၇)ရက်နေ့ Summit Parkview မှာကျင်းပပြုလုပ်မယ့်  Singapore-UK-Australia ပညာရေးပွဲတော်မှာ ဘဏ်လုပ်ငန်းဒီပလိုမာနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားသွား မှာပါ”ဟု ပညာရေးဝန်ဆောင်မှုအဖွဲ့အစည်းတစ်ခုဖြစ်သည့်  CROWN Education မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်၊၊ 
	The
 Diploma in Banking, Securities and Investment Management 
ဘာသာရပ်ပြီးဆုံးပြီး နောက် CISI မှ ချီးမြင့်မည့် The Investment 
Operations Certificate နှင့် The International Certificate in Investment
 Management (ICertIM) နှစ်ခုရရှိမည်ဖြစ်သည်။ 
	အဆိုပါ
 ဒီပလိုမာကို အင်္ဂလန်နိုင်ငံရှိ Chartered Institute for Securities and 
Investment (CISI) မှ အသိအမှတ်ပြုထား၍ CISI သည် လန်ဒန်စတော့အိတ်ချိန်းမှ 
အသင်းဝင်များဖြင့်ဖွဲ့ စည်းထားသည့် အကျိုးအမြတ်အတွက် မရည်ရွယ်သည့်အဖွဲ့  
အစည်းတစ်ခုဖြစ်သည်၊၊
	 CISI
 သည် နိုင်ငံပေါင်း (၉၀)တွင် ၀န်ထမ်းပေါင်း 
လေးသောင်းကျော်ဖြင့်လုပ်ကိုင်နေပြီး ယူကေရှိ Securities and Investment 
နယ်ပယ်၌ ဂုဏ်သိက္ခာကြီးမားသော UK အခြေစိုက်အဖွဲ့အစည်း ကြီးတစ်ခုလည်းဖြစ်သည်။
	 “မြန်မာနိုင်ငံမှာ
 ကျောင်းသူကျောင်သားအများစုက စီမံခန့် ခွဲမှု့ဘာသာရပ် ( Business 
Management) တွေကို   လေ့လာဖို့ ပိုပြီးအားသန်ကြ ပါတယ်၊၊  Banking,
 Securities & Investment လို ဒီပလိုမာအမျိုးအစားက 
မြန်မာနိုင်ငံမှာလည်း မသင်ကြားပေးနိုင်သေးဘူး၊ အခုဆိုနိုင်ငံတကာ 
ဘဏ်တွေ ၀င်ရောက်လာတော့မယ်၊ ပြည်တွင်းက ဘဏ်တွေကလည်း နိုင်ငံတကာဘဏ်တွေနဲ့ 
ချိတ်ဆက်ကြတော့မယ်၊၊ စတော့ဈေးကွက်တွေလည်း မဖြစ်မနေလုပ်ဆောင်ရမှာဆိုတော့ 
Banking တို့  Investment Management  လိုဘာသာရပ်မျိုးတွေက
 နိုင်ငံတကာအလုပ်အကိုင်အခွင့်အလမ်း မှာ သာမကပဲ မြန်မာနိုင်ငံမှာကို 
အများကြီးလိုအပ်လာမယ့် ဘာသာရပ်မျိုး တွေဖြစ်ပါတယ်၊၊” ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားသည်၊၊
	The Diploma in Banking, Securities and Investment Management တွင် သင်ယူရမည့် ဘာသာရပ်များမှာ  •
 Elements of Economics • Business Statistics • Principles of Management •
 Rules & Regulations for Financial Advisory Services• Business 
Accounting •Introduction to Securities & Investment (International) •
 Operational Risk • International Certificate in Investment Management 
စသည်တို့ဖြစ်သည်။
	 အဆိုပါ
 ဒီပလိုမာဘာသာရပ်သင်ယူပြီးပါက UK နှင့် သြစတြေးလျ ထိပ်တန်းတ္ကသိုလ်ကြီး 
များဖြစ်ကြသည့် Northumbria Unversity ၊ University College Dublin နှင့် 
Murdoch University ပေးအပ်မည့် Banking and Finance ၊ Banking and Wealth 
Management ၊ Banking and Management စသည်တို့ကို 
ဆက်လက်သင်ယူနိုင်ကြောင်းကိုလည်း သိရသည်။ 
	 The Diploma in Banking, Securities and Investment Management တတ်ရောက်သင်ကြားလိုသူများအနေဖြင့်  လာမည့်
 (၈)လခန့် သင်ကြားရမည်ဖြစ်ပြီး 
စင်္ကာပူဒေါ်လာ(၁၄၀၈၆.၉၀)၀န်းကျင်ကျသင့်မည်ဖြစ်ကြောင်း၊ Bechelor of Commerce 
မှာ (၁၆)လသင်ကြားရမည်ဖြစ်ပြီး စင်္ကာပူဒေါ်လာ(၂၃၅၅၆.၅၀)ကျသင့်မည်ဖြစ်ပြီး၊ 
Bechelor of Science အတွက်မူ(၁၈)လ သင်ကြားပြီး စင်္ကာပူဒေါ်လာ(၂၅၈၄၀.၅၀) 
ကျသင့်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။
	လျှောက်ထားလိုသူများအနေဖြင့်
 တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ လျှောက်ထားနိုင်ပြီး IELTS 5.5 
တင်ပြရမည်ဖြစ်သည်။ IELTS ရမှတ်မရှိသူများ အနေဖြင့်လည်း CROWN Education 
တွင် Kaplan English Placement Test ဖြေဆိုနိုင်ကြောင်းကိုလည်း သိရသည်။
	လျှောက်ထားလိုသူများအနေဖြင့်
 CROWN Education အမှတ်-၂၇၀၊ ပထမထပ်၊ အခန်း 1C ၊ ပြည်လမ်း ၊ မြေနီကုန်း၊ 
ဖုန်း - ၀၉ ၇၃၂ ၇၃၂ ၇၇ ၊ ၀၉ ၅၀၈၅ ၁၈၅ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း 
သိရှိရသည်။
မြစ်မခ 


No comments:
Post a Comment