နိုင်ငံတော်အစိုးရမှ
 မော်တော်ယာဉ်တင်သွင်းမှုနှင့်ပတ်သက်၍ ဖြေလျှော့မှုများ 
လုပ်ဆောင်ပေးနေသော်လည်း တရားမ၀င်နယ်စပ်မှ ကားတင်သွင်းမှုများ 
ပြုလုပ်နေခြင်းဖြစ်သည်။
	လိုင်စင်မဲ့ကားရောင်းဝယ်မှုမှာ
 အထူးသဖြင့် ပဲခူးမြို့လိပ်ပြာကန်အနီးဝန်းကျင်တွင် အရောင်းအ၀ယ်ဖြစ် 
လေ့ရှိကြောင်း ပဲခူးမြို့ခံတစ်ဦးက ပြောသည်။
	ပဲခူးမြို့ပေါ်တွင်  လိုင်စင်မဲ့ကားစီးရေ
 (၅၀)ခန့်နှင့် တောင်ငူမြို့ပေါ်တွင် လိုင်စင်မဲ့ကားအစီးရေ (၃၀) ခန့် 
ရှိနေကြောင်း ပဲခူးမြို့ရှိ ၀ါရင့်ကားပွဲစားတစ်ဦးက ပြောသည်။
	တင်သွင်းသည့် လိုင်စင်မဲ့ကားများတွင် Honda Fit၊ Mark II၊ Light truck ကားများ အများဆုံးတွေ့ရကြောင်းကိုလည်း သိရှိရသည်။
	ယခုနောက်ပိုင်းတွင်
 မြန်မာနိုင်ငံနေရာအနှံ့မှ ကားဝယ်လိုသူများသည် ပဲခူးနှင့် တောင်ငူရှိ ကား 
အရောင်းအ၀ယ်ဒိုင်များသို့ မှာယူနေခြင်း ဖြစ်သည်။
	ကားအ၀ယ်ဒိုင်များ၏
 မှာကြားမှုများကြောင့် မြ၀တီမြို့မှ နေ့စဉ် ပုံမှန်လိုင်စင်မဲ့ကားများ 
(၁၀)စီးမှ (၁၅)စီးခန့်အထိ ရောက်ရှိနေကြောင်းကိုလည်း သိရှိရသည်။
	 “’ထုံးစံအတိုင်း
 လိုင်စင်နဲ့ လိုင်စင်မဲ့နဲ့ကတော့ ဈေးက တော်တော်ကွာမှာပေါ့နော်၊ ဒါပေမဲ့ 
လိုင်စင်မဲ့တွေက သူ့လူနဲ့သူ ရောင်းဖြစ် သလို လိုင်စင်ကားတွေကလည်း 
သူ့လူနဲ့သူတော့ ရောင်းရပါတယ်၊ အခုဒီထဲမှာ Mark II တစ်စီးကို ရောင်းဈေးက 
၂၁၀ ရှိတယ်၊ Light truck တွေကတော့ ဒီမှာတင် တပ်ဆင်တဲ့ ကားတွေက (၁၀၀) 
လောက်ရှိပြီး သွင်းတဲ့ကားတွေကတော့ (၁၇၀) လောက် ရှိတယ်’’ ဟု ဟံသာဝတီ 
ကားအရောင်းအ၀ယ်စခန်းမှ ကားရောင်းဝယ်သူ ကိုထွန်းက 
လိုင်စင်မဲ့ကားဈေးနှုန်းကွာဟမှုနှင့်ပတ်သက် ၍ ပြောကြားခဲ့သည်။
	လိုင်စင်မဲ့ကားများ၏
 ဈေးနှုန်းမှာ Mark II တစ်စီးကို သိန်း ၃၀ ခန့်နှင့် Light truck 
တစ်စီးလျှင် သိန်း ၂၀ ခန့်သာ ရှိကြောင်း ပဲခူးမြို့ရှိ ကားဈေးကွက်မှ 
သိရှိရသည်။
	လိုင်စင်မဲ့ကားများကို
 ပဲခူးမြို့မှ တဆင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ 
မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အသီးသီးသို့ 
ကားများမှာယူမှုအပေါ် မူတည်၍ ပို့ဆောင်ပေးလျက်ရှိကြောင်းကိုလည်း 
ဈေးကွက်အတွင်းက စုံစမ်းသိရှိရသည်။
	`ဒီကိစ္စနဲ့ 
ပတ်သက်ပြီးတော့ ကျွန်မတို့မှာ တာဝန်မရှိပါဘူး၊ အခုအထိလည်း မကြားမိသေးပါဘူး၊
 ပြီးတော့ အထက်ကချပေးမှပဲ ကျွန်မတို့က အရေးယူတာတို့ဘာတို့ လို့ရမှာ”ဟု 
ထိုလိုင်စင်မဲ့ကား များအား အရေးယူမှုနှင့်ပတ်သက်၍ က.ည.န(အင်းစိန်)မှ 
တာဝန်ရှိသူတစ်ဦးက  ပြောသည်။
	ယခုနောက်ပိုင်းတွင် လိုင်စင်နှင့် ကားတစ်စီးလျှင်  ကျပ်သိန်း(၂၀၀)ဈေးဝန်းကျင် ဈေးပေါက်နေ သော်လည်း အဆိုပါ လိုင်စင်မဲ့ကားဈေးကွက်ကြောင့် ကားစီးသူအချို့မှာ (၂၅)သိန်းဝန်းကျင်နှင့်  ကားစီးနိုင်ကြောင်းကိုလည်း သိရသည်။
	ထို့ကြောင့် 
ပဲခူးမြို့ပေါ်ရှိ ကားဝယ်/ရောင်းပုဂ်္ဂိုလ်များနှင့်ချိတ်ဆက်ကာ 
လိုင်စင်မဲ့ကားများကိုသာ အများစု ၀ယ်ယူစီးနင်းမှုများ လာကြောင်းကိုလည်း 
သိရသည်။ ယခုနောက်ပိုင်းတွင် တရားမ၀င် တင်သွင်းမှုများသည် ရန်ကုန်သို့ 
တင်သွင်းမှု အများဆုံးဖြစ်လာကြောင်းကိုလည်း ဈေးကွက်အတွင်းက သိရှိရသည်။
မြတ်မိုးကျော်(မြစ်မခ) 


No comments:
Post a Comment