Wednesday, October 3, 2012

ပိုင်ဆိုင်ခွင့် အပြင်းပွားကျွန်းစုရေပြင်အတွင်း တရုတ်သင်္ဘောများ ၀င်ရောက်

Ever November | 10/03/2012 02:20:00 PM | Best Blogger Tips

အရှေ့တရုတ်ပင်လယ် ပိုင်ဆိုင်ခွင့် အငြင်းပွားကျွန်းစု ပိုင်နက်ရေပြင်အတွင်းသို့ တရုတ်သင်္ဘော လေးစင်း ၀င်ရောက်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က အောက်တိုဘာ ၂ ရက်တွင် ပြောကြားသည်။ ဂျပန်နိုင်ငံတွင် ဆန်ကာကူ ဟူ၍လည်းကောင်း၊ တရုတ်နိုင်ငံတွင် တိုင်အိုယူ ဟူ၍လည်းကောင်း၊ တရုတ်(တိုင်ပေ)၌ တိုင်အိုယူတိုင် ဟူ၍လည်းကောင်း သိရှိထားကြောင်း၊ အဆိုပါကျွန်းစုကို အထက်ပါနိုင်ငံ၊ ဒေသသုံးခုလုံးက ပိုင်ဆိုင်ခွင့် တောင်းခံလျက်ရှိသည်။ တရုတ်အစိုးရ၏ အဏ္ဏ၀ါစူးစမ်းလေ့လာရေး သင်္ဘောလေးစင်းသည် ပိုင်ဆိုင်ခွင့် အငြင်းပွားကျွန်စုရေပြင် ပိုင်နက်အတွင်းသို့ အင်္ဂါနေ့ ဒေသစံတော်ချိန် ၁၂ နာရီ ၃၁ မိနစ်နောက်ပိုင်းတွင် ခေတ္တ၀င်ရောက်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။ ဆန်ကာကူ သို့မဟုတ် တိုင်အိုယူ ကျွန်းစုအရေးနှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန်အကြား သံမတန်ရေးရာ တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် တရုတ်သင်္ဘောများ ပိုင်ဆိုင်ခွင့် အငြင်းပွားရေပြင်ပိုင်နက်အတွင်း ပထမဆုံး ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1