မြန်မာနိုင်ငံလုံးဆိုင်ရာ National Payment Switch (NPS)အဖြစ် အသုံးပြုနိုင်ရန်အပါအ၀င် ရည်ရွယ်ချက်(၅)ရပ်ဖြင့် ထုတ်ဝေသည့် MPU Card များအား စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဘဏ်လုပ်ငန်းအသိုင်းအ၀ိုင်းက သိရှိရသည်။
	“ကြိုဆိုပါတယ် ဒီလိုမှ သူများနိုင်ငံတွေနဲ့ယှဉ်နိုင်မှာပါ။ လစာပေးတဲ့စနစ်လည်း ဘဏ်ကနေတဆင့် ပေးနိုင်ရင် အများကြီး အဆင်ပြေသွားမယ်”ဟု  ဦးမိုးမြင့်က MPU ကဒ် ထွက်ရှိသည့်အပေါ်တွင် ကြိုဆို၍ အကြံပြုစကား ပြောသည်။
	MPU
 ကဒ်များဖြင့် ဈေးဝယ်ယူလုပ်ငန်းများကို ရန်ကုန်မြို့ ၌ 
စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး ကျန်မြို့များတွင်လည်း အသုံးပြုနိုင်ရန် 
ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဘဏ်လုပ်ငန်းအသိုင်းအ၀ိုင်းက သိရှိရသည်။
	ပြည်တွင်း၌
 ငွေသားကိုင်ဆောင်ပြီး ငွေပေးချေမှုကို လျှော့ချရန်၊ အဖွဲ့ဝင်ဘဏ်အချင်းချင်း
 ဘဏ်ဝန်ဆောင်မှုများကို ပိုမိုပူးပေါင်းဆောင် ရွက်လာနိုင်ရန်။ 
လက်ရှိငွေပေးချေမှုစနစ်ကို အဆင့်မြှင့်တင်ရန်၊ နိုင်ငံတကာကတ်များကို 
ပြည်တွင်း၌ အသုံးပြုနိုင်ရန်နှင့် ပြည်တွင်း ဘဏ်များကို 
နိုင်ငံတကာကွန်ယက်တွင် အသုံးပြုနိုင်ရန်အတွက် MPU ရည်ရွယ်ထုတ်လုပ်ခြင်း 
ဖြစ်ကြောင်း ကိုလည်း သိရသည်။
	မြန်မာ့စီးပွားရေးဘဏ်
 အပါအ၀င် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်
 ကူးသန်းရောင်းဝယ်ရေးဘဏ်၊   မြန်မာနိုင်ငံသားများဘဏ်၊မြဝတီဘဏ်၊ မြန်မာအရှေ့ 
 တိုင်းဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့မွေးမြူရေးနှင့်ရေ 
လုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ အင်းဝဘဏ်၊ သမဝါယမဘဏ်၊ 
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ 
ယူနိုက်တက်အမရဘဏ်၊ စည်ပင်သာယာရေးဘဏ်၊ 
မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်စသည့် ဘဏ်(၁၇)မှာ MPU 
အဖွဲ့ဝင်ဘဏ်များဖြစ်သည်။
	MPU
 Card အား ကနဦးတွင် (Online Debit Card) အဖြစ် စတင်ဆောင်ရွက်မည်ဖြစ်ပြီး 
နောင်တွင် Credit Card ကိုပါ တိုးချဲ့   အသုံးပြုမည်ဖြစ်ကြောင်းနှင့်  JCB, CUP, VISA, Master ကဲ့သို့ နိုင်ငံ တကာကဒ်များကိုလည်း ချိတ်ဆက်အသုံးပြု သွား မည်ဖြစ်ကြောင်းကိုလည်း သိရသည်။
	MPU
 Card တစ်ခုချင်း၏ ငွေထည့်သွင်းမှုပမာဏအလိုက် အသုံးပြုနိုင်သည့် Card 
အမျိုးအစား အမျိုးမျိုး ရှိကြောင်းနှင့် မည်သည့်အဖွဲ့ဝင်ဘဏ်များ၏ MPU Card 
ကိုမဆို ဘဏ်အသီးသီးရှိ ATM နှင့် Merchant များ၏ POSတို့တွင် 
သုံးစွဲနိုင်သည်။
	 ATM
 စက်များတွင် တစ်နေ့လျှင် အနည်းဆုံး ကျပ်တစ်ထောင်မှ အများဆုံး ကျပ်(၁၀)အထိ 
MPU Card အသုံးပြု၍ ထုတ်ယူနိုင်ပြီး POS ထားရှိသည့်နေရာများတွင် 
တစ်နေ့လျှင် အနည်းဆုံး ကျပ်တစ်ထောင်မှ အများဆုံး ကျပ်သိန်း(၅၀) အထိ 
အသုံးပြုနိုင်ပါသည်။
	MPU Card  အသုံးပြုနိုင်သည့်
 POS တည်ရှိရာနေရာများမှာ စားသောက်ဆိုင်များ၊ ဈေးဝယ်စင်တာ များ၊ 
လေကြောင်းလိုင်းများ၊ သတ်မှတ်ထားသည့် ကွန်ပြူတာအရောင်းဆိုင်များ၊ 
ရတနာပစ္စည်း အရောင်းဆိုင်များ၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် Petrol 
Kစက်သုံးဆီအရောင်း ဆိုင်၊ပန်းအလှဆင်၊ ဖက်ရှင်ဆိုင်များ၊ 
အီလက်ထရောနစ်ဆိုင်များ၊ အလှပြင်ဆိုင်များ၊ မိုဘိုင်းကင်းနှင့် 
အမေရိကန်းဗီးရှင်း မျက်မှန်အရောင်းဆိုင်နှင့် ကုမ္ပဏီအချို့နှင့် ဦးလှရွှေ 
ပရိဘောဂအရောင်းဆိုင်များတွင် သုံးစွဲနိုင် ကြောင်း သိရှိရသည်။
	“MPU နဲ့ ချိတ်ဆက်ထားတဲ့ ATM စက်အားလုံးမှာ  MPU
 ကတ်အသုံးပြု ငွေထုတ်ယူနိုင်ပါပြီ ၊ ဘဏ်မတူရင် ၁၀၀ ကျပ်လျှင် ၁၀ 
ပြားပေးရမှာပါ၊ မြို့မတူရင်လည်း ၁၀၀ ကျပ်လျှင် ၁၀ ပြား ပေးရမှာဖြစ်ပါတယ်။ 
ဘဏ်လည်းမတူ၊ မြို့လည်းမတူလျှင်လည်း ၁၀၀ ကျပ်လျှင် ၁၀ ပြားသာ ပေးရပါမယ်”ဟု MPU အဖွဲ့ဝင် AGDဘဏ်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
	 MPU
 Card အသုံးပြုရာ၌ ၀န်ဆောင်ခအနေဖြင့် ဘဏ်တူ မြို့ တူလျှင် ဝန်ဆောင်ခပေးရန် 
မလိုပဲ၊ ဘဏ်မတူလျှင် ၁၀၀ ကျပ် အတွက် (၁၀)ပြားနှုန်း၊ မြို့ မတူပါက ၁၀၀ကျပ် 
အတွက် (၁၀)ပြားနှုန်း၊ ဘဏ်နှင့်မြို့  မတူလျှင် ၁၀၀ကျပ် အတွက် (၁၀)ပြားနှုန်း
 သတ်မှတ်ထားကြောင်း သိရှိရသည်။
	 MPU
 Card ပြုလုပ်လိုပါက အဖွဲ့ဝင်ဘဏ်များတွင် ငွေစာရင်းလာဖွင့်၍ 
ကဒ်လျှောက်လွှာတွင် အချက်အလက်များ ဖြည့်စွက် လက်မှတ်ထိုးကာ 
လျှောက်ထားနိုင်ကြောင်း သိရှိရသည်။
	ပုဂ္ဂလိကဘဏ်များ၌
 ယခင်ထုတ်ဝေပေးထားသော ATM Card များအစား MPU Card များကို အောက်တိုဘာ 
(၁)ရက်နေ့ ၂၀၁၂ မှ စ၍ အခမဲ့ လဲလှယ်ပေးလျှက်ရှိသည်။
ယုန်လေး(မြစ်မခ) 


No comments:
Post a Comment