Wednesday, October 3, 2012

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးကိစ္စအထွေထွေညီလာခံတွင် အဓိကဆွေးနွေး

Ever November | 10/03/2012 02:53:00 PM | Best Blogger Tips

ကုလသမဂ္ဂ အဖွဲ့နှင့် ယင်းအဖွဲ့အစည်းအောက်ရှိ လုံခြုံရေးကောင်စီတို့ကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရေး ကိစ္စရပ်သည် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေ ဆွေးနွေးပွဲတွင် အဓိက အကြောင်းအရာ တစ်ခုဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာနများက အောက်တိုဘာ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုးချဲ့ဖွဲ့စည်းရာတွင် အာဖရိကတိုက်ကို ကိုယ်စားပြုသော အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံပါဝင်စေသင့်ကြောင်းအယ်လ်ဂျီးရီးယားနှင့် မော်ရီတေးနီးယား နိုင်ငံတို့မှ 
 နိုင်ငံခြားရေးဝန်ကြီးများက ၄င်းတို့၏ မိန့်ခွန်းများတွင် အလေးအနက်ပြု ဖော်ပြခဲ့ကြသည်။ ဒီမိုကရေစီ ဖော်ဆောင်မှု ဖြစ်ပေါ်စေရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လုပ်ငန်းပိုင်းဆိုင်ရာ နည်းစနစ်များကို ပြုပြင်ပြောင်းလဲရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများနှင့် အလှည့်ကျအဖွဲ့ဝင် နိုင်ငံများတွင် အာဖရိကတိုက်ကို ကိုယ်စားပြုသော နိုင်ငံများ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများကို ပိုမိုပါဝင်စေသင့်ကြောင်း တိုက်တွန်းခဲ့သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1