Wednesday, October 3, 2012

ဟောင်ကောင်တွင် ကူးတို့ယာဉ်နှင့် အပျော်စီးသင်္ဘောတိုက်မိ၊ ၃၆ ဦးသေဆုံး

Ever November | 10/03/2012 02:59:00 PM | Best Blogger Tips

ဟောင်ကောင်၌ အောက်တိုဘာ ၁ ရက်က သင်္ဘောတိုက်မိမှု ဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ ၃၆ ဦးအထိ မြင့်တက်ခဲ့ကြောင်း ဟောင်ကောင်ပြန်ကြားရေးဌာနက အောက်တိုဘာ ၂ ရက်က ဒေသစံတော်ချိန်နံနက် ၇ နာရီ ၄၅ မိနစ်တွင် ကြေညာခဲ့ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ ဟောင်ကောင်မြို့၏ အနောက်တောင်ပိုင်း လမ်မာကျွန်းကမ်းလွန်၌ အောက်တိုဘာ ၁ ရက် ဒေသစံတော်ချိန် ည ၈ နာရီ ၂၃ မိနစ်ခန့်က ကူးတို့ယာဉ်တစ်စင်းနှင့် အပျော်စီးသင်္ဘောတစ်စင်းတို့ ပြင်းထန်စွာ တိုက်မိခဲ့ရာမှ အပျော်စီးသင်္ဘော နစ်မြုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ တိုက်မိခဲ့ခြင်းကြောင့် အခင်းဖြစ်ရာနေရာ၌ ၂၈ ဦးသေဆုံးပြီး အခြားရှစ်ဦးမှာ ဆေးရုံရောက်ပြီးချိန်တွင် သေဆုံးခဲ့ကြောင်း၊ ထို့အပြင် ခရီးသည် ၁၀၀ ကျော်ကိုလည်း ဒေသတွင်းရှိ ဆေးရုံ ငါးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1