Wednesday, October 3, 2012

အနုပညာတစ်ဖက်၊ ကျောင်း တစ်ဖက်နဲ့ တအား စိတ် ပင်ပန်းရတယ် လို့ ဆိုလာသူ မိစန္ဒီ

Ever November | 10/03/2012 03:32:00 PM | Best Blogger Tips

အခုဆိုရင် တီဗီကြော်ငြာ တစ်ခုဖြစ်တဲ့ ဘီစကစ် (ဘီစကွတ်)ကြော်ငြာမှာ
ဟစ်ဟော့ပ်မိန်းကလေး တေးသံရှင်မိစန္ဒီရဲ့ သရုပ်ဆောင်မှုကို ပရိသတ်တွေ သဘောကျနှစ်သက်ကြပါတယ်။ ကိုယ်ရိုက်ကူးပေး ထားတဲ့ေ ကြာ်ငြာ လေးကို ပရိသတ်တွေ ကသဘောကျ တယ်လို့ ပြောကြ တဲ့ အ တွက် သိပ်ပြီးပျော်ရွှင်ရကြောင်း မိစန္ဒီကပြောပါတယ်။ "စန္ဒီက ဓာတ်ပုံ ရိုက်တို့၊ ကိုယ့်သီချင်းတွေမှာ သရုပ်ဆောင်တာ တို့ပဲ လုပ်ဖူးတာ။ အဲဒီဘီ စကစ်(ဘီစကွတ်)ကြော်ငြာ မှာတော့ မိစန္ဒီက ကိုယ် မဟုတ်ဘဲ တခြားမြူးမြူး ကြွကြွ သွက်သွက် လက်လက် မိန်းကလေး ဆန်ဆန် ကောင် မလေး တစ်ယောက်အနေနဲ့ ကိုယ်ကသရုပ်ဆောင်ရတာဆိုတော့ စိတ် တအား ကျဉ်းကျပ်တယ်။ မကောင်းမှာလည်း သိပ်ကြောက်တယ်။ ကိုယ့်ကို လာငှားတဲ့ ကုန်ပစ္စည်း ပိုင်ရှင်ကို လည်း စိတ်ကျေနပ်မှု မပေးနိုင်မှာ စိုးရိမ် မိတယ်။အဲဒီကြော်ငြာရိုက်ပြီးတော့မှ ကြော်ငြာရိုက်တာ တော် တော်ခက်ခဲပါလားဆိုတာ သိလိုက်ရတယ်။ အဲဒီ အတွက် ကိုယ် အများကြီး လိုသေးပါ လား၊ အများကြီးလေ့လာ ရဦးမှာပဲ လို့ တွေးမိတယ်" လို့ကြော်ငြာ ရိုက်ကူး မှုအတွေ့အကြုံနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ အနုပညာ က တစ်ဖက် ၊ ကျောင်းစာ ကတစ်ဖက်ဖြစ်နေတဲ့ အတွက် တအား စိတ်ပင်ပန်း ရတယ် လို့ ဆိုလာတဲ့ မိစန္ဒီက "ကိုယ်က နာမည်သိပ် ကြီးတဲ့လူ မဟုတ်သေး တာတောင် မှ မအားလို့ကျောင်း ကိုလည်း ပုံမှန်မတက်နိုင်ဘူး။ အားတဲ့ အချိန်မှာ ကျောင်းခေါ်ချိန်ပြည့်အောင် မနည်း တက်နေရတယ်။ အဲဒါ နဲ့ ကျောင်း ပျက်တာ များတော့ အခန်း ထဲမှာ သင်တဲ့ စာတွေ လိုက်လို့ မ မီတော့ဘူး။ မိစန္ဒီက စာမေးပွဲနီးတော့မှ သူငယ်ချင်း တွေဆီက စာတွေယူ၊ မသိတာရှိတာတွေမေးပြီး စာကို ကုန်းရုန်းပြီး ကျက်ရတာဆိုတော့ တအား ပင်ပန်းတယ်။ ညဘက်ဆို မအိပ်ရ ဘူး။ စာ မေးပွဲနီး ပြီ ဆိုရင် စိတ် ဖိစီး လို့တအားငိုချင်တယ်" လို့ ဆိုပါ တယ်။ မိစန္ဒီ က 'ခေတ်သစ်ပျိုမေ' အစီအစဉ်မှာ ပါဝင် ကူညီဖြေ ကြား ထားပုံ ကို နာမည်ကြီးစာရေး ဆရာဖြစ်တဲ့ လယ်တွင်းသားစောချစ်က မိစန္ဒီ ဖြေကြားတဲ့အပတ်မှာ ကြည့်ပြီး မိစန္ဒီကို လူငယ်ဖြစ်ပြီးဖြေဆို ထား ပုံကောင်းကြောင်း ကို ချီးမွမ်းစကား ဆိုခဲ့ပါတယ်။ အဲဒီ အပေါ်မှာ မိစန္ဒီက "နာမည်ကြီး စာရေး ဆရာ တစ်ယောက်က မိစန္ဒီလို ဘာမှ မဟုတ်တဲ့ ကလေးတစ်ယောက် ကို ရေးပေးတဲ့ အတွက် သိပ်ကိုကျေးဇူးတင်ပါတယ်။ လူငယ် တွေ ကို ဒီလိုသတိထားဝေဖန်ပေးတဲ့ အတွက် လည်း ဝမ်းသာပါ တယ်" လို့ ပြောသွား ပါ တယ်။
ယွန်းလင်္ကာ
Popular News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1