Wednesday, October 3, 2012

အမေစု အောက်တိုဘာ ၄ရက်နေ့ ည၉နာရီမိနစ်၄၀၀န်းကျင်တွင် ပြန်ရောက်မည်

Ever November | 10/03/2012 09:11:00 PM | Best Blogger Tips

အောက်တိုဘာ၎ရက်(ကြာသပတေးနေ့)တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည့် ဒေါ်အောင်ဆန်းစုကြည်
က ၄င်း၏ အမေရိကန်နိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ အောက်တိုဘာလ ၈ ရက် နံနက် ၁၀ နာရီခွဲတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း အဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

သတင်းစာရှင်းလင်းပွဲသို့ သတင်းမီဒီယာဌာနများ အနေဖြင့် ကြိုတင်စာရင်းပေးသွင်းရန် မလိုဘဲ တက်ရောက် သတင်းယူနိုင်သည်ဟုလည်း သိရ
ှိရသည်။

အမေရိကန်နိုင်ငံသို့ ၁၈ ရက်ကြာ သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၄ ရက်ည၉နာရီမိနစ်၄၀၀န်းကျင်တွင်ကိုရီးယားလေကြောင်းလိုင်းဖြင့်ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်
ဖြစ်သည်။

ယခုမြန်မာစံတော်ချိန်မွန်းလွဲ၂နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်မှာအမေရိကန်ပြည်ထောင်စု လော့အိန်
ဂျလိစ်မြို့မှ ဆန်ဖရန်စစ္စကို လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလျက်ရှိနေပြီး မကြာမီ နာရီပိုင်းအတွင်း ဆန်ဖရန်စစ္စကိုသို့ ရောက်ရှိမည်ဖြစ်သည်။
7 Day News facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1