Wednesday, October 3, 2012
အပျိုစင် ညကိုရောင်းပြီးလှူမည့် အသက်၂၀ အရွယ် မိန်းကလေး
Ever November | 10/03/2012 02:43:00 PM | Best Blogger Tips
ဘရာဇီးနိုင်ငံမှကျောင်းသူတစ်ဦးဟာပြည်နယ်တစ်ခုမှဆင်းရဲချို့ တဲ့ နေကြသည့် မိသားစုများနေထိုင်နိုင်ရန်အိမ်
များဆောက်လုပ်ပေးမည့်ပရဟိတရန်ပုံငွေတစ်ရပ်ထူထောင်နိုင်ရန်အတွက်သူမရဲ့ အပျိုစင်ညကို လေလံတင်
ရောင်းချလျှက်ရှိနေပါတယ်။
 အသက်၂၀အရွယ်ရှိကာတာရီနာမစ်ဂလီယီုရီနီဟာယခု ဈေးပြိုင်ခေါ်ဈေး ဒေါ်လာ၁၅၅၀၀အထိ ရောက်နေပြီ
အတွက် (တန်ဖိုးနည်း )ခေတ်မှီအိမ်ရာစီမံကိန်းအတွက်လှူဒါန်းပေးအပ်မှာဖြစ်ပါတယ်။
 သူမဟာ ကြေးစားပြည့် တန်ဆာတစ်ယောက်ဖြစ်သည်ဟူသော စွပ်စွဲချက်များအားငြင်းဆန်ယင်းသူမအနေဖြင့် အချစ်စစ်အချစ်မှန်အားယုံကြည်လျှက် ရှိနေဆဲဖြစ်ကြောင်း သို့ သော်လည်းယခု အခွင့် အလမ်းလုပ်ဆောင်ချက်ဖြင့် ကမ္ဘာကြီးအား ပိုမိုသာယာကောင်းမွန်အောင် ပြုလုပ်ပေးရာတွင် ပါဝင်ဆောင်ရွက်ခွင့် အဖြစ်မှတ်ယူပါကြောင်းပြောကြားခဲ့ ပါတယ်။
သို့ သော်လည်း ကြံ့ ခိုင်ရေးပညာရပ်ဆိုင်ရာကျောင်းသူလေးဟာ သူမရဲ့ အာဝါဟလုပ်ပြီးလှူမယ့် အာဝါသ အလှူပွဲအတွက် သြစတေးလျရုပ်သံရိုက်ကူးရေးအဖွဲ့ ရဲ့ "အပျိုစင်လိုချင်ပါတယ်။
 အမည်ရှိ မှတ်တမ်းတင်ရုပ်သံအစီအစဉ်အား လက်ခံရိုက်ကူးပေးမှာမို့ အငြင်းပွားဖွယ် ရာတွေဖြစ်စေ ခဲ့ ပါတယ်။
" ကျွန်မကတော့ ဒါကို (မှတ်တမ်းရုပ်ရှင်ကို) စီးပွားရေးဆန်ဆန်ကိစ္စတစ်ခုလို့ မြင်ပါတယ်။.ဒီမှတ်တမ်း ရုပ်ရှင်ရိုက်တဲ့ အတွက် ကျွန်မအနေနှင့် ခရီးသွားဖို့ အခွင့် အလမ်းတွေရမယ်.။
မှတ်တမ်းရုပ်ရှင်မှာပါဝင်ခွင့် ရတဲ့ အပြင် အပိုဆုကြေးလည်းရမှာဖြစ်ပါတယ်။ ဘ၀မှာတစ်ကြိမ်တစ်ခါပဲ ( အခကြေးငွေယူပြီး အမျိုးသားနှင့် အတူအိပ်စက်ပျော်ပါးခြင်း ) ပြုလုပ်တာမို့ ပြည့် တန်ဆာ တစ်ယောက်အဖြစ် မသတ်မှတ်နိုင်ပါဘူး။
ဓါတ်ပုံကောင်းလေးတစ်ပုံရိုက်ခဲ့ လိုက်ရုံနှင့် ဓါတ်ပုံဆရာအဖြစ်မခံယူနိုင်လိုသလိုပါပဲ။" လို့ သူမကရှင်းပြခဲ့  ပါတယ်...
"လေလံပွဲဆိုတာလည်းစီးပွားရေးသဘောဆန်ဆန်လုပ်တာပါပဲ။ကျွန်မဟာ အချစ်ကိုကိုးကွယ်ယုံကြည် တဲ့ စိတ်ကူး ယဉ်ဆန် တဲ့ မိန်းကလေးတစ်ဦးပါ.။
ဒါပေမယ့် ဒီအတွက်ကြောင့် လည်းကျွန်မအနေနှင့် အပြောင်းလဲကြီးပြောင်းလဲရပါလိမ့် မယ်။" လို့ သူမက ဖိုလ်ဟာ သတင်းစာကိုပြောကြားခဲ့ ပါတယ်။
.
အီတလီအဆက်အနွယ်ဖြစ်သည့် ကာတာရီနာဟာ ထိုရုပ်သံအစဉ်အစဉ်အား လွန်ခဲ့ သည့် ၂ နှစ်ခန့် က သောမတ်စ်ဝီလီယံ ရိုက်ကူးထုတ်လုပ်ရေးကုမ္ပဏီမှ အပျိုစင်တစ်ဦးအား ရိုက်ကူး၇န်ရှာ ဖွေနေစဉ်သိရှိခဲ့ ပြီး ပါဝင်ရန်သဘောတူလက်မှတ်ရေးထိုးခဲ့ တာဖြစ်ပါတယ်။
 ဒါရိုက်တာ ဂျပ်စ်တင်စစ်စ်လေအနေဖြင့် သူမအား ပထမဦးဆုံးအကြိမ် ချစ်တင်းမနှော ခင်နှင့် ချစ်တင်းနှောပြီးနောက် သူမရဲ့ စိတ်ခံစားမှုများအား မှတ်တမ်းတင်ရိုက်ကူးမှာဖြစ်ပါတယ်။
.
လူပျိုအစစ်အဖြစ်ရိုက်ကူးမှတ်တမ်းတင်ရန် အချစ်ရေးတွင်အတွေ့ အကြုံမရှိဘူးသေးသည့် လူပျိုလေး အလက်ဇန္ဒား ကိုလည်းရွေးချယ်ထားပါတယ်.
အောက်တိုဘာလ ၁၅ ရက်နေ့ တွင်အဆုံးသတ်မည့် ထိုလေလံပွဲမှ ငွေ၏ ၉၀ ရာခိုင်နှုံးဖြစ်သည့် ဒေါ်လာ ၂၀၀၀၀ အား သူမအနေနှင့် ရရှိမည်ဖြစ်ပါတယ်။
 လေလံပွဲတွင် ဈေးအမြင့် ဆုံးပေးသူအား အပျိုစင်မလေးနှင့် ချစ်တင်းမနှောမှီ ကာလသားရော ဂါရှိမရှိ ဆေးစစ်မှာဖြစ်ပြီး ပြည့် တန်ဆာဥပဒေအားရှောင်ရှားကျော်လွှားနိုင်ရန် သြစတေးလျမှ အမေရိကသို့ သွားသည့် လေယာဉ်တစ်စင်းပေါ်တွင် ဝေ့ဟင်တွင်ဆင်နွှဲသည့် အချစ်ပွဲ ကိုပြုလုပ်ကြရ မှာဖြစ်ပါတယ်။
 လိင်ဆက်ဆံရာတွင် ရာဘာအစွပ်ကိုမဖြစ်မနေအသုံးပြုရမှာဖြစ်ပြီး  ကာတာရီနာကတော့ သူမ အနေဖြင့် အချစ်ရေးနှင့် ပါတ်သတ်ပြီး ယခင်ကလုံးဝအတွေ့ အကြုံမရှိခဲ့ တာသေချာကြောင်း သက် သေပြဖို့ အသင့် ပြင်ထားပြီးဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်.။
Myanmar Online News
No comments:
England - Premier League
Italy - Serie A
Spain - Primera Division
Germany - Bundesliga
France - Ligue 1