ဆွေးနွေးပွဲတစ်ရပ်ကိုဇန်န၀ါရီလ(၂၅)ရက်နေ့SummitParkviewHotelတွင်ရှင်းလင်းပြောကြားသွားမည်
ဖြစ်ကြောင်း မြန်မာ့ပညာရေးဝန်ဆောင်မှု အသိုင်းအ၀ိုင်းက သိရှိရသည်။
အင်္ဂလန်နိုင်ငံ
Manchester မြို့ ရှိ Manchester Metropolitan University နှင့်
စင်္ကာပူနိုင်ငံ PSB Academy တို့ချိတ်ဆက်၍ အင်ဂျင်နီယာပရို
ဂရမ်အသစ်များပို့ချပေးမည်ဖြစ်ပြီး သင်ယူနိုင်မည့် ဘာသာရပ်များ အကြောင်းကို
ဇန်န၀ါရီ(၂၅)ရက်နေ့ ညနေ ( ၂) နာရီမှ (၄) နာရီအထိ၊ Summit Parkview Hotel
တွင် ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း CROWN Education မှတာဝန်ရှိသူ တစ်ဦးက ဆိုသည်။
PSB
Academy တွင် သင်ယူနိုင်မည့် ဘာသာရပ်များမှာ BE (Electrical and
Electronic) နှင့် BE(Mechanical Engineering) တို့ဖြစ်ပြီး အဆိုပါ
အင်ဂျင်နီယာ ဘာသာရပ်များကို Institution of Mechanical Engineers နှင့် The
Institution of Engineering and Technology (UK) တို့မှ အသိ
အမှတ်ပြုထားပြီး၊ ဘွဲ့ရရှိထားသူများအနေဖြင့် အဆိုပါအဖွဲ့တွင် UK Chartered
Engineer အဖြစ် အခွင့်အရေး ရရှိနိုင်ကြောင်းကိုလည်း သိရသည်။
“
အင်္ဂလန်ကပေးအပ်မယ့် BE ဘွဲ့ ကို စင်္ကာပူမှာ တက်ရောက်ပြီး (၃)နှစ်အတွင်း BE
(Mechanical/ Electronic Electrical Engineering) ဘွဲ့ ကိုရရှိနိုင်မှာ
ဖြစ်ပါတယ်၊၊ အင်္ဂလန်မှာသွားရောက် သင်ယူရ မယ့် ဘွဲ့နဲ့ထပ်တူညီတဲ့ဘွဲ့ကို PSB
မှာပဲ သင်ယူနိုင်ပြီး အင်္ဂလန်မှာ သင်ယူစရိတ်ထက် (၅၀%) လောက် သက်သာပါတယ်”ဟု CROWN Education မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ကျောင်း၌နောက်ဆုံး (၈)လအား အင်္ဂလန်နိုင်ငံ၌ Exchange Program အဖြစ် သွားရောက် သင်ယူနိုင်ကြောင်း၊ သင်္ချာနှင့်
ရူပဗေဒ အားနည်းသူများအတွက် Engineering Foundation Program(၃)လ အား CROWN
Education ပို့ချပေးမည်ဖြစ်ကြောင်း ကိုလည်း သိရသည်။
မြန်မာနိုင်ငံမှ(၁၀) တန်းအောင်မြင်ပြီးသူများအနေဖြင့်လည်း ဒီပလိုမာပရိုဂရမ်အား စတင် လျှောက်ထားနိုင်ကြောင်း သိရသည်။
ကျောင်း
ဝင်ခွင့်လများမှာ ၂၀၁၃ ဧပြီ နှင့်နိုဝင်ဘာလ တို့ဖြစ်ပြီး(၁၆) လစာဒီပလိုမာ
ကျောင်းလခမှာ စင်ကာပူဒေါ်လာ (၁၆၂၅၃) နှင့် (၁၆)လစာအတွက်
ဒီဂရီကုန်ကျစရိတ်မှာ စင်္ကာပူဒေါ်လာ ၂၅၆၈.၀၀ ဖြစ်သဖြင့် ပညာသင်စရိတ်
စုစုပေါင်း စင်ကာပူဒေါ်လာ ၄၀၀၀၀ သောင်းကျော်ခန့်သာ ကုန်ကျ မည်ဖြစ်သည်။
အင်္ဂလိပ်စာလိုအပ်ချက်
IELTS 5.5 ရှိရန်လိုအပ်ပြီး PSB Academy English Placement Test ကို CROWN
Education တွင် ဖြေဆိုနိုင်ကြောင်းကိုလည်း သိရသည်။
Manchester Metropolitan University ကို ၁၈၂၄ နှစ်တွင်တည်ထောင်ခဲ့ပြီး Mechanical Engineering ဘာသာရပ်များ သင်ကြားပို့ ချရာတွင် Excellent Teaching Quality ဆုရရှိထားသော တက္ကသိုလ် ဖြစ်သည်။
PSB ၏ ဒီပလိုမာပရိုဂ ရမ်ဖြစ်သောDiploma in Electrical/Mechanical ဘာသာရပ်သည် ယူကေ တက္ကသိုလ် Foundation
နှင့် ပထမနှစ် အဆင့်များနှင့် ညီမျှကာ Manchester Metropolitan University
မှပေးအပ်သော BE(Electrical and Electronic) နှင့် BE(Mechanical
Engineering) ကိုရရှိရန် (၁၆)လကြာ သာကြာမြင့်နိုင်တော့မည်ဖြစ်ပြီး
ကုန်ကျစရိတ်မှာလည်း အထူးသက်သာသည်၊၊
ဆွေးနွေးပွဲတက်ရောက်လိုသူများ၊ကျောင်းလျှောက်ထားလိုသူများနှင့်
အသေးစိတ်သိရှိလိုသူများ အနေဖြင့် CROWN Education Consulting Office အမှတ်
၂၇၀၊ ပထမထပ် ၊ပြည်လမ်း ၊ မြေနီကုန်း ၊ ဖုန်းနံပါတ် – ၀၉ ၇၃၂ ၇၃၂ ၇၇ နှင့် ၀၉ ၅၀၈၅ ၁၈၅ တို့သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
မြစ်မခ
No comments:
Post a Comment