Wednesday, January 16, 2013

လမ်းပတ် ချယ်လ်ဆီးတွင် ဆက်ရှိနိုင်ကြောင်း ဆက်ခ်ျ၏ မှတ်ချက်ကို ဘင်နီတက်ဇ် သွယ်ဝိုက်ငြင်းဆို

Ever November | 1/16/2013 10:19:00 AM | Best Blogger Tips
အသင်းတွင် ဆက်ရှိရန် မသေချာသည့် လမ်းပတ်

ဖရန့်ခ် လမ်းပတ်ကို ချယ်လ်ဆီး အသင်းတွင် ဆက်ရှိစေလိုကြောင်း ဂိုးသမား ပီတာဆက်ခ်ျက ပြောကြားခဲ့သော်လည်း ယင်းသည် ၎င်းတစ်ဦးတည်း၏ အမြင်သာ ဖြစ်ကြောင်း မန်နေဂျာ ရာဖာ ဘင်နီတက်ဇ်က ဖြေရှင်းခဲ့သည်။
ချက်လက်ရွေးစင် ဆက်ခ်ျက အသင်း၏ ဝါရင့် ကွင်းလယ် ကစားသမားကြီး လမ်းပတ်ကို ရာသီကုန်တွင် သက်တမ်းတိုး စာချုပ်ဖြစ်ရန် မျှော်လင့်မိကြောင်း ဖွင့်ဟခဲ့သည်။ ထိုစကားကြောင့် အသက်(၃၄)နှစ်ရှိ လမ်းပတ်သည် စတမ်းဖို့ဒ် ဘရစ်ဂ်ျတွင် ဆက်ရှိနိုင်မည့် အလားအလာမျိုး ဖြစ်နိုင်ကြောင်း ပရိသတ်များက မျှော်လင့်ခဲ့သော်လည်း ဘင်နီတက်ဇ်ကမူ ဆက်ခ်ျ၏ စကားသည် ချယ်လ်ဆီးကို ကိုယ်စားမပြုကြောင်း ရိပ်ဖမ်းသံဖမ်း ပြောဆိုသွားသည်။ လမ်းပတ်သည် အသင်းမှ ထွက်ခွာရရန် နီးစပ် နေသည့်တိုင် ခြေစွမ်း ပြသမြဲဖြစ်ပြီး ချယ်လ်ဆီးအတွက် နောက်ဆုံး (၇)ပွဲတွင် (၅)ဂိုး သွင်းယူ ပေးထားသည်။
ဆက်ခ်ျက ရာသီကုန်ထိ ဆက်လက် စောင့်ကြည့်ပြီးမှ အသင်းတွင် လမ်းပတ် ဆက်နေဖြစ်၊ မနေဖြစ် သိနိုင်မည်ဟု အစောပိုင်းက ပြောကြားခဲ့သည်။ သို့သော်လည်း ဘင်နီတက်ဇ်ကမူ "လမ်းပတ်ဟာ လောလောဆယ် အကောင်းဆုံး ကစားနေတာ ကျွန်တော်တို့ အားလုံး သိကြပါတယ်။ သူ့ခြေစွမ်း ကောင်းနေသလို ကျန်တဲ့ တစ်သင်းလုံးလည်း ကစားပုံ ကောင်းနေတာပါ။ ဆက်ခ်ျပြောခဲ့တဲ့ စကားတွေက လက်ရှိခြေစွမ်းနဲ့ ရာသီကုန်ထိ လမ်းပတ် ကစားနိုင်မယ်လို့ မျှော်လင့်တာမျိုးပဲ ဖြစ်မယ် ထင်တယ်။ ကျွန်တော်ကလည်း လမ်းပတ်ဆီက အကောင်းဆုံး စွမ်းရည်တွေကို ရယူချင်ပါတယ်။ တကယ်လို့ ဒီရာသီမှာ (၁၅)ဂိုးလောက် သူသွင်းနိုင်ရင် ပျော်စရာပေါ့။ သူ့ကိုကျွန်တော် ကြံ့ခိုင်နေစေချင်သေးတယ်"ဟု ပြောဆိုသွားသည်။ 
Ref: Sky Sports
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1