Wednesday, January 16, 2013

ဗမာတွေကိုKIAကရက်ရက်စက်စက်သတ်နေပြီ

Ever November | 1/16/2013 10:23:00 AM | Best Blogger Tips
ဇန်န၀ါရီလ (၁၅) ရက်နေ့ နံနက် (၅း၀၀) နာရီခန့်တွင် KIA တပ်မဟာ (၂)တပ်ရင်း(၄ )သောင်း ကျန်းသူများက ကထန်ကျောက်စိမ်းမှော်ရှိ ဗမာနေအိမ်များအား လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး ရွာအတွင်းသို့ ၀င်ရောက်ကာ လက်နက်ငယ်များဖြင့် အရပ်သားများအား ပရမ်းပတာ ပစ်ခတ်ခဲ့ပါသည်။ ထိုသို့ပစ်ခတ်မှုကြောင့် ကိုမင်းကိုအောင်ဆိုသူ သေ ဆုံးပြီး၊ နှစ်ဦးဒဏ်ရာရရှိခဲ့ပါသည်။

KIAသောင်းကျန်းသူများကထန်ကျောက်စိမ်းမှော်အနီးရှိ မြန်မာ့မျိုးချစ်တပ်မတော်တပ်စခန်းအား တိုက် ခိုက်ရမည့်အစား အပြစ်မဲ့ကျောက်စိမ်းတူးဗမာ ပြည်သူများနေထိုင်ရာကထန်ရွာအား ပစ်မှတ်ထား တိုက် ခိုက်ခဲ့ခြင်းမှာ မေးခွန်းထုတ်စရာဖြစ်နေပါသည်။ “မနက် ၅ နာရီမှာ လက်နက်ကြီးသံ နှစ်ချက် ကြား တာနဲ့ အိမ်အောက်ဝင်ပုန်းဖို့ကြိုးစားတာဘဲ၊ ဒီသူတောင်းစားတွေက ရွာထဲမှာ ဘယ်အချိန်ကတည်း က ရောက်နေ မှန်းတောင်မသိဘူး၊ ကြောက်ပြီး ပြေးတဲ့သူကပြေး၊ ကတုတ်ကျင်းထဲဝင်သူက၀င်တာဘဲ၊ KIAက ပြေးတဲ့ သူအကုန်ဗမာပဲဆိုပြီး လိုက်ပစ်တာဘဲ။ အိမ်ထဲလည်းဝင်ပြီး ကျော်စိမ်းတုံးတွေ၊ ပိုက်ဆံတွေ ၊ ရွှေငွေလက် ၀တ်ရတနာတွေ၊ ဖုန်းတွေ လိုချင်တာတွေအားလုံး ရိုက်ဖွင့်ပြီး၊ ယူသွားတာဘဲ။ ဘာမှမတတ်နိုင် ဘူး။ ဒါနဲ့ ရွာရှေ့ က ဒေါ်ကြီးပု သမီး၅တန်းကျောင်းသူကလေးကိုလည်းဒီကောင်တွေထဲက၃ယောက်မုဒိန်း ကျင့် သွား သေးတယ် ၊ကလေးမလေးလဲအင်္ဂါပြဲပြီးသွေးတွေအရမ်းဆင်းနေတော့ချက်ချင်းပဲဆေးရုံပို့ လိုက်ကြ တယ်” ဟု ရွာသူကြီးဦးကိုကိုဂျီးက ပြောသည်။

(စင်္ကာပူဖီး)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1