Wednesday, January 16, 2013

မန်ယူကို ရှုံးခဲ့ရာတွင် လီဗာပူးလ်၌ စိတ်ဓာတ်ရေး လိုအပ်ချက်များ ရှိနေကြောင်း ဒေါင်းနင်း ဝေဖန်

Ever November | 1/16/2013 10:07:00 AM | Best Blogger Tips

မန်ချက်စတာ ယူနိုက်တက် အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ် အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားတစ်ရပ် ပြန်လည် မွေးဖွား တည်ဆောက်ရန် လိုအပ်နေကြောင်း စတီးဝပ် ဒေါင်းနင်းက အသင်းဖော်များအား တိုက်တွန်းခဲ့သည်။
အသင်းကြီးများနှင့် ရင်ဆိုင်ရာတွင် လီဗာပူးလ် အနေဖြင့် ရုန်းကန်ရလေ့ ရှိပြီး ယခုရာသီတွင် မန်ယူကို နှစ်ကျော့လုံး ရှုံးနိမ့်ခဲ့သည်။ တနင်္ဂနွေနေ့က အိုးလ်ထရက်ဖို့ဒ်တွင် (၂-၁)ဖြင့် အရေးနိမ့်ခဲ့သည့်နောက် လီဗာပူးလ်သည် လွန်ခဲ့သည့် (၁၂)လအတွင်း မန်ယူ၊ မန်ချက်စတာ စီးတီး၊ အာဆင်နယ်၊ တော့တင်ဟမ် ဟော့စပါးနှင့် ချယ်လ်ဆီး အစရှိသော အသင်းကြီးများကို (၁၁)ကြိမ် ရင်ဆိုင်ပြီး (၇)ကြိမ်မြောက် ရှုံးပွဲနှင့် ကြုံလာခဲ့ရသည်။ ထိုပွဲစဉ်များအနက် (၃)ပွဲမှာ သရေဖြစ်ခဲ့ပြီး ချယ်လ်ဆီး တစ်သင်းကိုသာ မေလအတွင်းက အနိုင်ရရှိခဲ့သည်။
အင်္ဂလန် ဘယ်တောင်ပံ ကစားသမား ဒေါင်းနင်းက အသင်းအနေဖြင့် စိတ်ဓာတ်ရေးရာ မြှင့်တင်မှု စွမ်းအင်ကောင်းများ လိုအပ်နေပြီဟု သတိပေးခဲ့သည်။ "မန်နေဂျာက ကိုယ့်အသင်း ကစားတာကို ကောင်းတယ်လို့ ချီးကျူးရင်တောင် ကိုယ့်အတွက် တစ်မှတ်မှ မရရင် အချည်းနှီးပါပဲ။ ကျွန်တော်တို့ဟာ မန်ယူကို လုံလောက်တဲ့ အာရုံစိုက်မှုမျိုး မရှိခဲ့သလိုပဲ။ သူတို့ အသင်းမှာ ရော်ဘင်ဗန်ပါစီလိုမျိုး ဘယ်သူ့ကိုမဆို ထိခိုက်နာကျင်သွားအောင် စွမ်းဆောင်နိုင်တဲ့ ကစားသမားတွေ ပါဝင်နေတယ်။ ဒီအချက်က ကျွန်တော်တို့အတွက် ခက်ခဲစေခဲ့ပါတယ်"ဟု ဒေါင်းနင်းက ဆိုသည်။
၎င်းက "တကယ်လို့ အဲဒီပွဲမှာ ပထမပိုင်း ကတည်းက ဒုတိယပိုင်းလို ကစားခဲ့ရင် ကျွန်တော်တို့ ရလဒ် ကောင်းလာနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က မန်ယူကို စိတ်ကြိုက် ကစားခွင့် ပေးသလို ဖြစ်သွားခဲ့တယ်။ ကျွန်တော်တို့ဟာ မန်ယူနဲ့ ဒီရာသီမှာ ခက်ခဲတဲ့ (၂)ပွဲ ရင်ဆိုင်ခဲ့ရတာပါ။ တနင်္ဂနွေနေ့ကပွဲ ဒုတိယပိုင်းမှာလို စိတ်ဓာတ်မျိုးနဲ့ ကစားရင် ကျွန်တော်တို့ သူတို့ဆီက အမှတ်တွေ ပြန်ယူနိုင်ခဲ့မှာပါ။ ကိုယ်ကစားတဲ့ အခြေအနေအပေါ် ယုံကြည်မှု ရှိရမှာ ဖြစ်သလို စိတ်ဓာတ်ပိုင်းမှာလည်း နိုးကြား မာကျောသင့်ပါပြီ။ ဒါဆိုရင် ကျွန်တော်တို့အတွက် အခွင့်အရေးဆိုတာ မရှိနိုင်စရာ အကြောင်းမျိုး မမြင်ပါဘူး"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1