အဆိုပါဖောင်ဒေးရှင်းနှင့်
 မြန်မာနိုင်ငံမှ Concord Institution တို့မှ ပူးပေါင်းကာ 
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကဏ္ဍ၌ အမျိုးသမီးများ၏ 
ဦးဆောင်မှုအခန်းကဏ္ဍ ပိုမိုပါဝင်လာစေရန် ရည်ရွယ်၍ Women Leading Democracy 
Building in Myanmar ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို 
ရန်ကုန်မြို့ Sedona Hotel တွင် ဇန်န၀ါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီမှ စ၍ ညနေ
 ၄ နာရီအထိ ကျင်းပခဲ့သည်။
 မြန်မာနိုင်ငံရှိ အမျိုးသမီးခေါင်းဆောင်များအား  ကမ္ဘာပေါ်ရှိ
 အမျိုးသမီးခေါင်းဆောင်များနှင့် ချိတ်ဆက်ကာ မြန်မာ့ အရေး၊ကမ္ဘာ့အရေးများ၌ 
ပိုမိုပါဝင်လုပ်ဆောင်နိုင်စေရန်၊ ကမ္ဘာခေါင်းဆောင်များထဲတွင် 
မြန်မာအမျိုးသမီးများ ပါဝင်နိုင်ရန် 
ရည်ရွယ်ကျင်းပခဲ့ရခြင်းဖြစ်ကြောင်းကိုလည်း ပွဲစီစဉ်သူ Concord Institude မှ
 မစိုးထက်ဝင်း က ယခုကဲ့သို့ ဆိုသည်။
 “ကမ္ဘာပေါ်မှာရှိတဲ့
 အမျိုးသမီးခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ 
အမျိုးသမီးခေါင်းဆောင်တွေ တစ်ဦးနဲ့တစ်ဦး ပိုပြီးတော့ခိုင်မာတဲ့ 
ဆက်သွယ်မှုတွေ ဆက်သွယ်နိုင်အောင်၊ မြန်မာနိုင်ငံမှာရှိတဲ့အမျိုးသမီး 
အချင်းချင်းလည်း ပိုပြီးဆက်သွယ်မှုခိုင်မာလာဖို့အတွက် ရည်ရွယ်ပါတယ်။ 
တစ်ချိန်ကြရင် မြန်မာ့အမျိုးသမီး ခေါင်းဆောင်တွေ ကမ္ဘာ့အရေးတွေမှာ 
ပိုပြီးတော့ထဲထဲဝင်ဝင် ဆွေးနွေးနိုင်ပြီးတော့ ကမ္ဘာ့ခေါင်းဆောင်တန်းထဲမှာ   
မြန်မာအမျိုးသမီးတွေ ပိုပြီးတော့ပါဝင်နိုင်အောင် ရည်ရွယ်ပြီးတော့ 
ဒီပွဲကိုကျင်းပရခြင်းဖြစ်ပါတယ်။” ဟု မစိုးထက်ဝင်း ရှင်းပြသည်။
 ထိုပွဲသို့
 အမေရီကန်အခြေစိုက် The Wilson Center မှ Global Women’s Leadership 
Initiative ဒါရိုက်တာ Dr.Rangita၊ Ratiu Family Foundation For Democracy 
မှ အုပ်ချုပ်မှုဒါရိုက်တာ Madalina Mocan၊ ရန်ကုန် တက္ကသိုလ်မှ 
ပါမောက္ခဒေါက်တာဒေါ်သန်းနွယ် ၊ ဒေါ်ဇင်မာအောင်(Recipient Women of Courage 
Award)၊ ကရင်အမျိုးသမီးများအဖွဲ့မှ   ဒေါ်စူဇန်လှလှစိုး၊ ဒေါက်တာတိုးနန္ဒာတင်
 စသည့် အမျိုးသမီးအရေးဦးဆောင်လုပ်ကိုင် နေကြသူများ တက်ရောက်၍ 
ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာတွင် အမျိုးသမီးများဦးဆောင်မှု အခန်းကဏ္ဍ 
မြှင့်တင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
 မြန်မာအမျိုးသမီးများ၏
 ဦးဆောင်မူအခန်းကဏ္ဍကို မြှင့်တင်သည်ဟုဆိုရာ၌ အမျိုးသားများကို ဘေးဖယ်ထားရန်
 အသိပေးခြင်း မဟုတ်ကြောင်း၊ လူမှုတရားမျှတမှုအတွက်ဖြစ်ကြောင်း ဒေါ်ဇင်မာအောင်က
 ရှင်းပြသည်။
 “ကျွန်မတို့
 အမျိုးသမီးတွေဟာ အမျိုးသားတွေထက်သာတယ်၊ အမျိုးသားတွေကို နောက်ချန်ခဲ့ဖို့ 
ဒီလိုအသိပေးချင်တာမျိုး လုံးဝမဟုတ်ဘူး၊ Social Justic လူမှုတရားမျှတရေး 
အတွက်ပါ။” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။
 အဆိုပါပွဲသို့
 လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ၈၈ မျိုးဆက်ကျောင်းသူဟောင်းများ၊
 ဗကသအဖွဲ့မှ ကျောင်းသူများ၊ နိုင်ငံရေးပါတီ အသီးသီးမှ အမျိုးသမီးများ 
အစရှိသဖြင့် အမျိုးသမီးဦးရေ တစ်ရာဝန်းကျင် ခန့် တက်ရောက်ခဲ့သည်။
 Ratiu
 Foundation ကို ရိုးမေးနီးယားလူမျိုး Ion Ratio မှ ၁၉၄၇ ခုနှစ်တွင် 
လန်ဒန်မြို့၌ စတင်တည်ထောင်၍ ၂၀၀၅ ခုနှစ်မှစတင်၍ နှစ်စဉ် နိုင်ငံတကာရှိ  ဒီမိုကရေစီရေး ကြိုးပမ်းခဲ့သူများကို Ratiu Democracy Award ဆု ရွေးချယ်ချီးမြှင့်ခဲ့ကြောင်းကိုလည်း သိရသည်။  
မိုးမြင့်ကျော် (မြစ်မခ) 

No comments:
Post a Comment