“ပုသိမ်မြို့နယ်
 အလုပ်အမှုဆောင် (၁၉)ဦးကို အများဆန္ဒနဲ့အညီ လျှို့ဝှက်မဲစနစ်နဲ့ပဲ 
ရွေးချယ်ခဲ့ တာပါ။ အခု ကျင်းပတဲ့ ပါတီညီလာခံကို ငပုတောမြို့နယ် 
ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့က လာရောက်ကြီးကြပ်ပေးခဲ့ပြီး 
ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်အကုန်လုံးမှာ ကျင်းပပြီးရင် ပုသိမ်ခရိုင် 
NLD ပါတီညီလာခံကို ဆက်လက်ကျင်းပသွားမှာပါ” ဟု ဧရာဝတီတိုင်း ညီလာခံကျင်းပရေး ကော်မရှင် အဖွဲ့မှ ဦးကျော်ဟိုးက ပြောသည်။
 ဒေါက်တာအေးကြူဦးဆောင်သော
 ဧရာဝတီတိုင်းဒီချုပ်ပါတီညီလာခံကျင်းပရေးကော်မရှင် ဖွဲ့စည်း ချိန်မှစ၍ 
ဧရာဝတီတိုင်း အတွင်းရှိ မြောင်းမြ ၊ ပုသိမ် ၊ မအူပင် စသည့်ဒေသများမှ 
ပါတီဝင်များ သည် ညီလာခံကျင်းပရေးကော်မရှင်ကို လက်မခံကြောင်း 
ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး ပုသိမ် 
မြို့နယ်ဒီချုပ်ပါတီရုံးတွင်လည်း ညီလာခံကျင်းပရေးကော်မရှင်ကို ရှုတ်ချသည့် 
သတင်းစာရှင်းလင်း ပွဲကိုလည်း ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ကျင်းပခဲ့ပြီး
 ညီလာခံကော်မရှင် ဖျက်သိမ်း ပေးရန် လည်း တောင်းဆိုခဲ့ကြသည်။
 ပါတီဝင်အများစုပါဝင်သည့်
 သတင်းစာရှင်းလင်းပွဲကြောင့် ဒီချုပ်(NLD)ပါတီ နာယက ဦးတင်ဦးနှင့် ဥက္ကဌ 
ဒေါ်အောင်ဆန်းစုကြည်တို့ ပုသိမ်မြို့သို့ လာရောက်တွေ့ဆုံခဲ့ကြသော်လည်း 
ပြေလည်မှု မရရှိဘဲ မြို့နယ်ညီလာခံကျင်းပရေးကော်မရှင်နှင့် ပါတီဝင်အများစုမှာ
 အခြေအနေပိုမို တင်းမာလာပြီး အောက် တိုဘာလအတွင်းက မြို့နယ် ၊ ခရိုင် 
ပါတီရုံးပိတ်ခြင်း ၊ ဆိုင်းဘုတ်ဖြုတ်ခြင်းအခမ်းအနားအား   ပြုလုပ်ကာ 
ပုသိမ်မြို့နယ်မှ ဒီချုပ်ပါတီဝင် (၁၃၂)ဦး စတင်နှုတ်ထွက်၍ 
အမျိုးသားဒီမိုကရေစီကွန်ယက် အဖြစ် ဖွဲ့စည်းခဲ့သည်။
 “ကွန်ယက်အဖြစ်
 ပြန်တည်ဆောက်တာက နှစ်ပေါင်းများစွာ အောက်ခြေက ပါတီဝင်တွေ ခံလာခဲ့ရတာ ၊ 
အဲ့ဒါကို မကျေနပ် ကြလို့ နှုတ်ထွက်ချိန်မှာ အားလုံးပြန့်ကျဲမသွားအောင် 
စုစည်းထားတဲ့ သဘောပါ။ အမျိုးသားအရေးနဲ့ ဒီမိုကရေစီအရေးတွေပဲ 
လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နောက်ကွယ်က NLD ပါတီကို ၀န်းရံသွားဖို့ 
ရည်ရွယ်တာပါ” ဟု အမျိုးသားဒီမိုကရေစီကွန် ယက်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါက်တာသန်းထိုက် (NLD ပါတီဝင်ဟောင်း) ကပြောသည်။
 ပုသိမ် NLD 
ပါတီဝင်များ နှုတ်ထွက်ပြီး (၂)လအကြာ ဒီဇင်ဘာလအတွင်းကလည်း မအူပင်မြို့တွင် 
ညီလာခံကျင်းပရေး ကော်မရှင်အား ကန့်ကွက်ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့ပြီး 
မအူပင်မြို့နယ်၌ ဒီချုပ် ပါတီညီလာခံ ကျင်းပတော့မည်မဟုတ်ကြောင်း 
ကြေညာခဲ့ရသည်။
 ထိုကဲ့သို့ 
ဧရာဝတီတိုင်းနေရာအနှံ့အပြားတွင် ကန့်ကွက်ဆန္ဒပြမှုများ ကြုံတွေ့နေခဲ့ရသော 
ဒီချုပ် ပါတီ၏ ပုသိမ်မြို့နယ် ညီလာခံကို ယခုလ (၁၃)ရက်နေ့တွင် 
ပုသိမ်မြို့ရှိ တိုင်းရုံး၌ ကျင်းပခဲ့ပြီး ဦးကျော်ဟိုး ၊ ဦးစိုးမိုးနှင့်
 ဦးသီဟတို့ (၃)ဦးအား ဗဟိုညီလာခံ ကိုယ်စားလှယ်များအဖြစ် ၄င်း၊ 
ပုသိမ်ခရိုင်ညီလာခံ ကိုယ်စားလှယ် (၁၅)ဦးနှင့် ပုသိမ်မြို့နယ် 
အလုပ်အမှုဆောင် (၁၉)ဦးကို လည်း ရွေးချယ်ခဲ့ရာ မြို့နယ်ညီလာခံကိုယ်စားလှယ် 
(၃၀၈)ဦး ရှိသည့်အနက် (၂၈၀)ဦး တက်ရောက်ခဲ့ ကြသည်။
မျိုးမင်းထွန်း(မြစ်မခ) 

No comments:
Post a Comment