Wednesday, January 16, 2013
ဘင်္ဂလားဒေ့ရှ်၌ နှစ်ပေါင်း ၄၀ အတွင်း အအေးဆုံး ဆောင်းရာသီဖြစ်
Ever November | 1/16/2013 09:37:00 AM |
နိုင်ငံတကာသတင်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နှစ်ပေါင်း ၄ဝ အတွင်း အအေးဆုံး ဆောင်းရာသီကို တွေ့ကြုံခံစားရမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကျော် အတွင်း လူ ၈ဝ သေဆုံးခဲ့ကြောင်း နိုင်ငံအတွင်းရှိ လခြမ်းနီအဖွဲ့၏ ပြောကြားချက်ကို ဇန်နဝါရီ ၁၃ ရက်က ပရက်စ်တီဗွီ သတင်းတွင် ဖော်ပြသည်။ ခရိုင်အစိုးရရုံးများနှင့် ဒေသတွင်း အုပ်ချုပ်ရေးရုံးများ၏ ထုတ်ပြန်ချက်များအရ နိုင်ငံအတွင်းရှိ လူပေါင်း ၈ဝ ခန့်မှာ အသက်ရှူမှုဆိုင်ရာ ပြဿနာများ၊ အဆုတ်ရောင်နှင့် ချောင်းဆိုးကဲ့သို့သော အအေးဒဏ်ခံရမှုနှင့် ဆက်နွှယ်သည့် ရောဂါများ ဖြစ်ပွား မှုကြောင့် သေဆုံးကြခြင်းဖြစ်ကြောင်း အဆိုပါလခြမ်းနီအဖွဲ့၏ အထွေထွေ အတွင်းရေးမှူး အဘူဘာကာက ပြောကြားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း အအေးဒဏ်ခံရမှုနှင့် ဆက်နွှယ်သည့် ရောဂါဝေဒနာများ ခံစားရမှုကြောင့် လူပေါင်းရာနှင့်ချီ၍ ဆေးရုံများ၌ ဆေးဝါးကုသမှု ခံယူနေရသည်ဟု ဆိုသည်။ ဇန်နဝါရီ ၁ဝ ရက်က နိုင်ငံမြောက်ပိုင်း ဆက်ပါမြို့တွင် အပူချိန် ၃ ဒီဂရီ ဆဲလ်စီးရပ်စ်အထိ ကျဆင်းခဲ့ပြီး ယင်းကျဆင်းမှုသည် နှစ်ပေါင်း ၄ဝ အတွင်း နိုင်ငံမြောက်ပိုင်းတွင် အအေးဆုံး ရာသီဥတုဖြစ်သည်ဟု ဆိုသည်။
khitlunge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment