နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် 
ဗိုလ်ချုပ်ကြီးဟောင်း 
ဦးခင်ညွန့်ထူထောင်ထားသည့် ရွှေမော်ဝန်းလူမှုရေးအဖွဲ့မှ ကျောက် 
တန်းမြို့နယ်အတွင်း အခမဲ့အထူး ကုဆေးခန်းကြီးဖွင့်လှစ်သွားရန် 
စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။
၎င်းဆေးခန်းကြီးဖွင့်လှစ်သွားနိုင်ရေး စေတနာဆရာဝန်၊ 
ဆရာမများစတင်ချိတ် ဆက်စု 
စည်းနေပြီဖြစ်ကြောင်း၊ ကုန်ကျစရိတ်အတွက် ပြည်တွင်းမှ 
ဦးခင်ညွန့်နှင့်ရင်းနှီးသည့် စီးပွားရေးလုပ်ငန်း ရှင်များ၊ 
စေတနာရှင်များထံမှ အလှူငွေများကိုစုဆောင်းလက်ခံသွားရန်ရှိရာ 
နိုင်ငံတကာ၌လည်း 
အလှူငွေ များစုဆောင်းလက်ခံသွားရန်ရှိသဖြင့် ရွှေမော်ဝန်း လူမှုရေးအသင်း၏ 
ကိုယ်စား ပြည်ပမှတာဝန်ယူကာ အလှူငွေရှာဖွေပေးမည့်သူများကိုလည်း 
ရှာဖွေနေပြီဖြစ်ကြောင်း လည်းသိရှိရပါသည်။
၎င်းဆေးခန်းဖွင့်
လှစ်ပြီးမြောက်ရေး ဇေကမ္ဘာကုမ္ပဏီမိသားစု၊ ဦးအောင်သက်မန်း 
(ဧရာရွှေဝါကုမ္ပဏီ)တို့မှ 
စတင်မတည် လှူဒါန်းသွားရန်ရှိကြောင်း သိရှိရပါသည် ။ 
(forward mail) 
(မောင်ကျောက်ခဲ အဖွဲ့)
(မောင်ကျောက်ခဲ အဖွဲ့)


No comments:
Post a Comment